ပဒို မန်းငြိမ်းမောင် ရွေးကောက်ပွဲဝင်ပြိုင်မယ်လို့ သတင်းထွက်


2020.07.23
mahnnyeinmaung-622.JPG ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒို မန်းငြိမ်းမောင် ကို တွေ့ရစဉ်
Photo: RFA

ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒို မန်းငြိမ်းမောင်ဟာ မိခင် အဖွဲ့အစည်း ဖြစ်တဲ့ KNU ကနေ နုတ်ထွက်ကာ နိုင်ငံရေးပါတီတစ်ခုကနေတဆင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ဝင်ပြိုင်သွား မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ကာယကံရှင်ဖြစ်တဲ့ ပဒို မန်းငြိမ်းမောင်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ အခုလောလောဆယ် ပြောပိုင်ခွင့်မရှိသေးတာကြောင့် နောက်မှအကြောင်းပြန်ပါ့မယ်လို့သာ မယုတ်မလွန် ပြန်ဖြေကြားခဲ့ပါတယ်။

ပဒို မန်းငြိမ်းမောင်ဟာ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ သူ့ဇာတိမွေးရပ် မြေဖြစ်တဲ့ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့လည်း သတင်းတွေ ထွက်ပေါ် နေတာဖြစ်ပါတယ်။

KNU အမြဲတန်းဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်တဲ့ ပဒို မန်းငြိမ်းမောင်ဟာ ၂၀၁၂ ခုနှစ်က နိုင်ငံတော် ပုန်ကန်မှု၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မတွေနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းကစပြီး အစိုးရ၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။