ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်နာယကကို တင်ပြ


2016.07.09
mahn-winkhaingthan-620.jpg ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းကို တွေ့ရစဉ်
Photo: RFA

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ခံတွေက ဒေသဖံ့ွဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့ ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း ကို ဒီနေ့ တင်ပြခဲ့ကြပါတယ်။

ဒီကနေ့ ဟင်္သာတမြို့မှာ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံပြီး လွှတ်တော်လုပ်ငန်းစဉ်တွေ ရှင်းလင်းပွဲမှာ ရပ်မိရပ်ဖတွေက ဒေသလိုအပ်ချက်တွေကို တင်ပြတောင်းဆို ကြတာဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုကိုဦး က ပြောပါတယ်။

"ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းကိုဆက်သွယ်တဲ့ မြစ်ကူးတံတားကြီးကို တင်ပြကြတယ်၊ မြို့ကွင်းတံတားကို တင်ပြကြတယ်၊ ကမ်းပါးပြိုကျမှုတွေ အဲ့ဒါတွေ တင်ပြကြတယ်၊ နောက်လျှပ်စစ်ပိုင်းကိစ္စတွေ၊ သူတို့သတင်းကောင်းပေးသွားတာကတော့ ဒါတွေကို ဒုတိယဦးစားပေးအဆင့်ထဲမှာ ပါတယ်လို့ပြောသွားတယ်"

ပြည်ထောင်စုလွှတ်တော်နာယကနဲ့ တွေ့ဆုံပွဲကို အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေ၊  အုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မြို့မိမြို့ဖ ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၈ ကနေ အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။

ဦးမန်းဝင်းခိုင်သန်းဟာ ပြီးခဲ့တဲ့ ဧပြီလကလည်း ကရင်ပြည်နယ် မြဝတီမြို့မှာ လူထုနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။