မလေးရှားက မြန်မာတွေပြန်လာဖို့ ကာကွယ်ရေးဝန်ကြီးဌာန ကူညီ


2016.08.13
malaysia-workers-620.jpg မလေးရှားနိုင်ငံ အကျဉ်းစခန်း ၁၁ ခုမှာ ထိန်းသိမ်းဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၁၃ဝ ကျော်ဟာ ရန်ကုန်မြို့ကို သြဂုတ်လ ၈ ရက်ညပိုင်းက ပြန်လည်ရောက်ရှိလာစဉ်
Photo: Aung Thain Kha /RFA

မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမားတွေကို ပြန်လည်ခေါ်ယူဖို့ အတွက် ကာကွယ်ရေးဝန်ကြီးဌာနက လေယာဉ်စရိတ် ထောက်ပံ့ပေးသွားမယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ပြောပါတယ်။

မနေ့ညက မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းကနေ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာအလုပ်သမား ၁၃၇ ပြန်အလာကို လေဆိပ်မှာစောင့်ကြိုချိန်မှာ ဦးမျိုးအောင်က ပြောတာဖြစ်ပါတယ်။

"တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးကလည်း အနည်းဆုံးနှစ်ခေါက်၊ သုံးခေါက်လောက်လှူမယ်လို့ ကမ်းလှမ်းမှုတွေရရှိထားပါတယ်၊  ကလေးတွေတော်တော်များများကို ခေါ်နိုင်မယ်လို့တော့ထင်ပါတယ်"

နိုင်ငံတော်အဆင့်နဲ့ မလေးရှားနိုင်ငံကနေ မြန်မာအလုပ်သမားတွေကို ပြန်လည်ခေါ်ယူတာ မနေ့ညက ဒုတိယအကြိမ် ဖြစ်ပါတယ်။

မလေးရှားနိုင်ငံက ထိန်းသိန်းရေးစခန်းတွေမှာ မြန်မာအလုပ်သမား နှစ်ထောင်ကျော်လောက် ရှိနေပါတယ်။

မနေ့ညကပြန်လည်ရောက်ရှိလာတဲ့ မြန်မာအလုပ်သမားတွေထဲမှာ လူကုန်ကူးခံရသူတွေ ပါ မပါ ကိုလည်း မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။