မလေးရှားက မြန်မာ ၁၄ဝ ပြန်လည်ရောက်ရှိ
2016.09.22

မြန်မာနိုင်ငံခြားရေးဌာနက မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွေမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို အလှူ ရှင်တွေရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံကို ပြန်လည်ခေါ်ဆောင်နေရာမှာ ကွာလာလမ်ပူမြို့က မြန်မာသံရုံးရဲ့ အစီအစဉ်နဲ့ မနေ့ညက လူကြီး ၁၃၈ ဦးနဲ့ ကလေး ၂ ဦး ထပ်မံ ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
အဲဒီမြန်မာတွေဟာ Mother Trading and Construction Co.,Ltd နဲ့ မိဘဂုဏ်ရည် စေတနာ့ဝန်ထမ်းအဖွဲ့တွေရဲ့ အစီအစဉ်နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မနေ့ည ၉ နာရီခန့်က ရောက်ရှိလာပြီး သူတို့ကို နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေ ရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေက ကြိုဆိုကူညီခဲ့ကြောင်း သတင်းရရှိပါသည်။
မလေးရှားထိန်းသိမ်းရေးစခန်းတွေက ပြန်လာတဲ့ အဲဒီ မြန်မာနိုင်ငံသားတွေကို Mother Trading and Construction Co.,Ltd နဲ့ မိဘဂုဏ်ရည်အဖွဲ့က တစ်ဦးကို ကျပ် ၅ သောင်း ထောက်ပံ့ခဲ့ကြောင်း၊ IOM ကုလသ မဂ္ဂ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အဖွဲ့ကလည်း အဝတ်အထည်နဲ့ ကျန်းမာရေးစောင့်ရှောက် မှုတွေပေးခဲ့ကြောင်းနဲ့ အခုအချိန်ထိ မလေးရှားရောက် မြန်မာနိုင်ငံသား ၁ ထောင်ကျော်ကို ပြန်လည်ခေါ်ဆောင် ခဲ့ပြီးပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားပါတယ်။