တံတားဦးမြို့နယ် ရေမြုပ်


2016.07.30
mattayar-flooding-620.jpg မတ္တရာမြို့နယ် စောက်ခြုံပေါက်ကျေးရွာက ကျောင်းဆရာ၊ ဆရာမတွေ လိုက်ပါလာတဲ့ စက်လှေတစ်စီး ဧရာဝတီမြစ်အတွင်းမှာ ဇူလိုင်လ ၂၉ ရက်နေ့က တိမ်းမှောက်စဉ်
Photo: Than Htay

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်က အင်းဝမြို့ဟောင်းနဲ့ ကျေးရွာ ၁၁ ရွာမှာ ရေကြီးနစ်မြုပ်နေပြီး စာသင်ကျောင်း ၉ ကျောင်း ယာယီပိတ်ထားရပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး ရေကင်းတွေလည်း ချထားပေးတယ်လို့ တံတားဦးမြို့နယ် တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင် ကပြောပါတယ်။

"ကျေးရွာ ၁၁ ရွာလောက်ကတော့ ရေတွေဝင်နေပြီ၊ လောလောဆယ်တော့ ကျောင်း ၉ ကောျင်းပိတ်ထား တယ်၊ မြစ်ရေတွေ တအားတက်နေလို့ ကျနော်တို့ ကယ်ဆယ်ရေးလုပ်ငန်းအနေနဲ့ သဲအိတ်တွေကို မီးသတ် တပ်ဖွဲ့တွေနဲ့ အကုန်လုံးချထားပြီးပြီ"

မနေ့ကစပြီး လူနေအိမ်တွေထဲကို ရေဝင်လာတာဖြစ်ပြီး လက်ရှိ ရေကြီးနစ်မြုပ်တဲ့ ကျေးရွာတွေအနီးက ကုန်းမြင့် ပိုင်းတွေမှာ ကယ်ဆယ်ရေးစခန်း ၃ ခု ဖွင့်လှစ်ထားပါတယ်။

တံတားမြို့နယ်အတွင်းက ဧရာဝတီမြစ်ကမ်းအနီးမှာရှိတဲ့ ကျေးရွာတွေမှာ ရေနစ်မြုပ်နေတဲ့အတွက် သွားလာရေး ခက်ခဲနေပြီး လှေတွေနဲ့ သွားလာနေရပါတယ်။

မနေ့က မတ္တရာမြို့နယ် စောက်ခြုံပေါက်ကျေးရွာက ကျောင်းဆရာ၊ ဆရာမတွေ လိုက်ပါလာတဲ့ စက်လှေတစ်စီး ဧရာဝတီမြစ်အတွင်းမှာ တိမ်းမှောက်ခဲ့ပြီး ကျောင်းဆရာတစ်ဦး ဆရာမတစ်ဦးနဲ့ ဒေသခံတစ်ဦး  ပျောက်ဆုံးနေ ဆဲဖြစ်ပါတယ်။

ဧရာဝတီမြစ်ရေဟာ ဟသာၤတမြို့နယ်နဲ့ ဇလွန်မြို့တွေမှာလည်း စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေတာ ၂ ပတ် ခန့်ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိအခြေအနေမှာ ရေကင်းစောင့်ကြည့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။