တပ်မတော် အာဏာသိမ်းမှု မန္တ​လေး အရိုးအထူးကုဆေးရုံက ဆေးဝန်ထမ်းတွေ ဆန့်ကျင်

2021.02.02
တပ်မတော် အာဏာသိမ်းမှု မန္တ​လေး အရိုးအထူးကုဆေးရုံက ဆေးဝန်ထမ်းတွေ ဆန့်ကျင် တပ်မ​တော် အာဏာသိမ်းယူတာကို မန္တ​လေးမြို့ အရိုးအထူးကုဆေးရုံက ​ဆေးဝန်ထမ်း​တွေ ၂၀၂၁ ဖေဖော်ဝါရီ ၃ ရက်နေ့က ဆန့်ကျင်ကန့်ကွက်စဉ်
Photo: RFA

တပ်မ​တော်က ပြည်သူ့အစိုးရထံမှ အဓမ္မအာဏာသိမ်းယူခြင်းကို ဆန့်ကျင်ကန့်ကွက်ပါတယ် ဆိုတဲ့ လှုပ်ရှားမှု ကို မန္တ​လေးမြို့ ၆၂ လမ်းက အရိုးအထူးကုဆေးရုံက ​ဆေးဝန်ထမ်း​တွေစု​ပေါင်းပြီး ဒီကနေ့မနက်ကပြုလုပ်ခဲ့ ပါတယ်။

ဆရာဝန်​တွေအပါအ၀င် ​ဆေးဝန်ထမ်း ၁၀၀ ​လောက်ဟာ ဖဲကြိုးနီဝတ်ဆင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပါ။

လတ်တ​လောမှာ​တော့ ​ဆေးရုံယန္တရားရပ်ဆိုင်းထားပြီး အ​ရေး​ပေါ်လုပ်ငန်း​တွေကိုသာလုပ်​ဆောင်​နေတယ်။ ​တောင်းဆိုတာ​တွေကို ငြိမ်းချမ်းစွာလုပ်​ဆောင်​နေတာဖြစ်ပြီး ​တောင်းဆိုတာ​တွေမရရင်​တော့ အလုပ်ထွက်တဲ့ အထိ ​တောင်းဆိုသွားမယ်လို့ ဆန္ဒ​​ဖော်ထုတ်ရာမှာပါဝင်တဲ့ ဆရာဝန်တစ်​ယောက်က​ပြောပါတယ်။

ဒီလှုပ်ရှားမှုကို ဒီက​​နေ့ကစတင် လှုပ်ရှားသွားမယ်ဆိုပြီး ​တခြား​ဆေးရုံက ​ဆေးဝန်ထမ်း​တွေကလည်း ​ကြေညာချက်တွေ ထုတ်ပြန်ထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

THEIN WIN
2021-02-03 00:34

Cheers Thump up
This must be spread the whole country and against the military coup in Myanmar