သဘာဝဘေးဒဏ် သင့်သူများအတွက် မန္တလေးမှာ ဆုတောင်းပွဲပြုလုပ်

မန္တလေးတိုင်းက လူမှုရေးကွန်ယက်အဖွဲ့ ၄ဝ ကျော် စုပေါင်း ကမကထပြုပြီး ဂျပန်နိုင်ငံက မြေငလျင်နဲ့ ဆူနာမီ လှိုင်းဒဏ် သင့်သူတွေနဲ့ ရှမ်းပြည်နယ် အရှေ့တောင်ပိုင်းက မြေငလျင်ဒဏ် သင့်သူတွေ အတွက် ဘာသာဝင်ပေါင်းစုံ မေတ္တာပို့ ဆုတောင်း ဝတ်ပြုပွဲနဲ့ ရန်ပုံငွေရှာပွဲကို မန္တလေးမြို့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

2011.04.02
pray_japan_social_media_305_z ဆူနာမီငလျင် ဘေးဒဏ်ခံ ဂျပန်ပြည်သူများအတွက် ဆုတောင်းမေတ္တာပို့ကြရန် Social Media လူမှုသတင်းကွန်ယက်များက အင်တာနက်အွန်လိုင်း မှတဆင့် လှုံ့ဆော်ခဲ့ကြပါသည်။ (Screen Shot from Web)
Screen Shot from Web

မန္တလေးမြို့ ၈၂ လမ်းနဲ့ ၂၅ လမ်း-၂၆ လမ်းကြားမှာ ရှိတဲ့ ရိုမန်ကက်သလစ် ဘုရားကျောင်းမှာ ကျင်းပတဲ့ အဲဒီ အခမ်းအနား အကြောင်းကို YSCM -Youth for Social Change Myanmar “မြန်မာနိုင်ငံ လူမှုရေး အပြောင်းအလဲ အတွက် လူငယ်များအဖွဲ့” က အမှုဆောင် ညွှန်ကြားရေးမှူး ကိုနစ်ကီက ပြောပြပါတယ်။

“ဘာသာကြီးလေးခုက ဘာသာရေးခေါင်းဆောင်တွေနဲ့ ပြည်သူလူထုကို ဖိတ်ပြီးတော့ ဂျပန်မှာ ဆူနာမီကြောင့် သေဆုံး၊ ဒုက္ခရောက်သူတွေအတွက် ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ စတဲ့ ဘာသာအလိုက် မေတ္တာပို့ ဆုတောင်းကြတာပါ”

အခမ်းအနားမှာ ဂျပန်နိုင်ငံက သဘာဝ ဘေးဒဏ်သင့်သူတွေအတွက် ရန်ပုံငွေ ကောက်ခံပါတယ်။ ဒီ သတင်း ရေးနေချိန်အထိ ကောက်ခံရရှိငွေ ရေတွက်နေတုန်းပဲ ဖြစ်ပြီး မြန်မာကျပ်ငွေ ၂၄ သိန်းနဲ့ အမေရိကန်ဒေါ်လာ တထောင့်တရာကျော် ရရှိထားပြီလို့ ကိုနစ်ကီက ပြောပါတယ်။

မြန်မာနိုင်ငံဟာ ဂျပန်နိုင်ငံက လူမှုရေး အထောက်အကူနဲ့ ဘဏ္ဍာရေး အကူအညီတွေ ရရှိထားတဲ့ နိုင်ငံ ဖြစ်တဲ့အကြောင်း၊ ဒါကို အသိအမှတ်လည်းပြု၊ လေးလည်း လေးစားရတဲ့အကြောင်း၊ ခုလို ဂျပန်လူမျိုးတွေ သဘာဝ ဘေးအန္တရာယ်နဲ့ ရေဒီယို သတ္တိကြွပစ္စည်း အန္တရာယ် ကျရောက်ချိန်မှာ လူသားချင်း စာနာတဲ့အနေနဲ့ ခုလို ဝတ်ပြုဆုတောင်းပြီး လှူဒါန်းငွေ ကောက်ခံရတဲ့အကြောင်း YSCM က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-04-03 00:57

I also very sad.