လွတ်လပ်ရေးနေ့အကြို မန္တလေး အင်န်အယ်လ်ဒီ သွေးလှူ

မန္တလေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အ ကူအညီပေးရေး အဖွဲ့က တာဝန်ယူ ဦးဆောင်ပြီးတော့ လွတ်လပ်ရေးနေ့ အကြိုအနေနဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဇန်နဝါရီ ၃ ရက် ဒီကနေ့ သွေးလှူဒါန်းကြတယ်လို့ သိရပါတယ်။

2011.01.03

အင်န်အယ်လ်ဒီ ပါတီဝင်တွေနဲ့ သာမန်အရပ်သားတွေ ပူးပေါင်း သွေးလှူခဲ့တဲ့အကြောင်းကို အင်န်အယ်လ်ဒီ လူငယ် အကူအညီပေးရေး ခေါင်းဆောင် ဦးကိုလေး ပြောပြတာကတော့ “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင် ၁၀ ဦး၊ ပြည်သူလူထုထဲက ၈ ဦး ကျောင်းသား၅ ဦးနဲ့ ၂၃ လုံးတိတိကို မန္တလေးမြို့ ပြည်သူ့ဆေးရုံ သွေးလှူဘဏ်ကြီးမှာ သွားရောက်ပြီးတော့ သွေးများကို လှုဒါန်းခဲ့ပါတယ်။ ဒါ ဒုတိယအကြိမ်မြောက် သွေးလှူဒါန်းတာ ဖြစ်ပါတယ်။ ပထမအကြိမ်မှာတော့ ဒေါ်အောင်ဆန်းစုကြည် တလပြည့်မှာ သွေး ၂၅ လုံး လှုဒါန်းနိုင်ခဲ့တယ်။ အခု ၆၃ နှစ်ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ၂၃ လုံးသွေးလှူဒါန်းခဲ့ပါတယ်။”

မန္တလေးအင်န်အယ်လ်ဒီ အနေနဲ့ နောက်လည်း အဆင်ပြေရင် ပြေသလို ဆက်လက်ပြီးတော့ အလားတူ သွေးလှူဒါန်းတာမျိုး အပါအဝင် ပြည်သူလူထုအထွက် လှုပ်ရှားမှုတွေကို လုပ်ဆောင်သွားမယ်လို့ လည်း ဦးကိုလေးက ပြောပါတယ်။

သွေးလှူတဲ့ လှုပ်ရှားမှုကို လွန်ခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် တလ အကြာကနေ ရန်ကုန်တိုင်း ဗဟိုလူငယ်တွေ ဦးဆောင်ပြီးတော့ BD သွေးအုပ်စု ဆိုပြီးဖွဲ့စည်းကာ စတင် လှုပ်ရှားလာတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။