မိုးများနိုင်တဲ့အတွက် ဆည်တွေ၊ ကန်တွေ သတိထားဖို့ အသိပေး


2018.09.16
mangkhut-in-philippines-622 မန်းကွတ် တိုင်ဖုန်းမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ဖိလစ်ပိုင်က ဈေးတစ်ခုကို တွေ့ရစဉ်
Photo: ASSOCIATED PRESS

ပစိဖိတ်သမုဒ္ဒရာကနေ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဖြတ်တိုက်လာတဲ့ မန်းကွတ် တိုင်ဖုန်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၁၂ ယောက်သေဆုံးပြီး၊ မြေတွေပြို၊ အိမ်တွေ ပျက်စီးသွားပါတယ်။

မုန်တိုင်းဟာ တစ်နာရီကို ၁၀၅ မိုင်နှုန်းနဲ့ ဖိလစ်ပိုင်မှာ တိုက်ခတ်ခဲ့ပြီး၊ ဒီနေ့ တနင်္ဂနွေနေ့မှာ တရုတ်ပြည် တောင်ပိုင်းကို ဦးတည်ရွေ့လျားသွားနေပါတယ်။

တရုတ်ပြည်ကနေတဆင့် မြန်မာနိုင်ငံ အရှေ့ပိုင်းကို စက်တင်ဘာ ၁၈ နဲ့ ၁၉ ရက်တွေမှာ ဝင်ရောက်နိုင်ပြီး၊ ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ မိုးရွာနိုင်တယ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

မုန်တိုင်းကြောင့် မိုးကြီးနိုင်တဲ့အတွက် ရေလှောင်တမံတွေ၊ ဆက်စပ်အဆောက်အဦတွေ၊ ရေလွှဲဆည်၊ ကန်၊ ရေတံခါး၊ တာတမံတွေကို မကျိုးမပေါက်အောင် ကြိုတင်ပြင်ဆင်ထားဖို့ ဆည်မြောင်းဌာနကလည်း အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။