သတင်းအမှားတွေ ဖယ်ရှားရေး ကြိုးစားနေတယ်လို့ Zuckerberg ပြော


2018.04.02
mark-zuckerberg-622.jpg Facebook တည်ထောင်သူ Mark Zuckerberg ကို တွေ့ရစဉ်
Photo: Mark Zuckerberg - facebook

မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ် ပြဿနာနဲ့ပတ်သက်ပြီး အမုန်းစကားတွေ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်တာတွေဟာ Facebook လူမှုကွန်ရက်ကို အဓိက သုံးစွဲ ဖြန့်ချိခဲ့တယ်ဆိုတာ သိရှိလိုက်တာနဲ့ အဲဒီပြဿနာ အမြန်ဖြေရှင်းဖို့ ဆောင်ရွက်ခဲ့ကြောင်း Facebook တည်ထောင်သူ Mark Zuckerberg က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်အခြေစိုက် Vox သတင်းဌာနက မနေ့က တွေ့ဆုံမေးမြန်းခဲ့ရာမှာ Zuckerberg က ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ လူမှုကွန်ရက်ဆိုရင် Facebook၊  Facebook သာလျှင် တစ်ခုတည်းသော အသုံးအများဆုံး လူမှုကွန်ရက် ဖြစ်နေပြီး၊ မြန်မာနိုင်ငံမှာ ဝန်ထမ်းတွေခန့်ထားပေမယ့် Facebook ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံတွင်း အခြေအနေတွေကို မကြားသိနိုင်လောက်အောင် ကြီးမားလွန်းနေလို့ပါလားလို့ Vox သတင်းဌာနက မေးမြန်းရာမှာ Zuckerberg က အခုလို ဖြေကြားခဲ့ပါတယ်။

မြန်မာ ကိစ္စကို Facebook က အတော်လေး အာရုံစိုက်တယ်လို့ ယူဆပါတယ်။ ကျနော်မှတ်မိနေပါတယ်၊ စနေနေ့ တမနက်မှာ ကျနော့်ဆီကို ဖုန်းဝင်လာပါတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေချင်းနဲ့ မွတ်စလင် ဘာသာဝင်တွေ ချင်း Facebook မက်ဆင်ဂျာက တဆင့် အမုန်းစကားတွေ၊ အကြမ်းဖက်ဖို့ သွေးထိုး လှုံ့ဆော်တဲ့စကားတွေ ပေးပို့နေကြတယ်ဆိုတဲ့ သတင်းပါ။ တဘက်နဲ့ တဘက် တိုက်ခိုက်ဖို့ Facebook ကို လက်နက်အဖြစ် သုံးနေကြတာပါ။ ဒါကို သိတာနဲ့ အဲဒါတွေကို ချက်ချင်းပိတ်လိုက်ပါတယ်။ ဆက်လက်ပြီးတော့လည်း သတိနဲ့ စောင့်ကြည့်နေပါတယ်လို့ Zuckerberg က ပြောပါတယ်။

အမုန်းစကားတွေ ဟောပြောနေတဲ့ ဦးဝီရသူ ရဲ့ Facebook အကောင့်ကိုလည်း ပိတ်လိုက်ပါတယ်။

ဒါ့ပြင် သတင်းလိမ်၊ သတင်းမှားတွေကို ဖယ်ရှားရေးအတွက်လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။