အာဇာနည်နေ့ အခမ်းအနား များ ပြည်မြို့မှာ ကျင်းပခွင့်မရ


2015.07.19
memorial-wreath-620.jpg ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၆၈ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ နေပြည်တော် ပျဉ်းမနားမြို့နယ်မှာ လွမ်းဆွတ်သတိရပန်းခွေများချထားစဉ်။
Photo: Win Naung Toe/RFA

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ အာဇာနည်နေ့ အခမ်းအနားတွေ မပြုလုပ်ဖို့ ပြည်မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန က ဒေသန္တရ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ပြည်မြို့က ဗိုလ်ချုပ်ကြေးရုပ်၊ မြို့တော်ခန်းမ၊ ပန်းခြံ၊ အထိမ်းအမှတ်နေရာတွေမှာ စီတန်းလှည့်လည်တာတွေ၊ လွမ်းသူ့ ပန်းခွေချတာတွေ မလုပ်ကြဖို့ဆိုပြီး မနေ့က တည်းက ကြေညာချက်ထုတ်ပြန်ပြီး လိုက်လံနှိုးဆော်ထားတယ်လို့ ပြည် မြို့ဒေသခံ တစ်ဦးဖြစ်တဲ့ ကိုသီဟက ပြောပါတယ်။

"ပြည်မြို့မှာ အာဏာပိုင်တွေက စာထုတ်ပြီးတားမြစ်ထားတာလေ၊ ဒီဗိုလ်ချုပ် ကျောက်ရုပ်ကိုလာပြီးတော့ ပန်းခွေထား တဲ့သူတွေ၊ ချီတက်တာတွေကို ပုဒ်မ ၁၈၈ အရအရေးယူမယ်လို့ပြောတယ်၊ ပုဒ်မ ၁၈၈ ကတော့ ဒေသန္တရ အရေးပေါ်တားမြစ်ချက်အမိန့်ဗျ တစ်မြို့နယ်လုံးကို စာတွေပို့ထားတယ်၊ အားလုံးစုစုပေါင်း ၁၀၀၀ လောက်တော့ ရှိမယ်၊ အားလုံးပန်းခွေချပြီးတဲ့အချိန်မှာ အာဏာပိုင်တွေက ပန်းခွေ တွေကို စာရင်းတွေမှတ်ယူနေပြီး ဓာတ်ပုံရိုက် ယူနေပါတယ်"

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အဖွဲ့အစည်း တချို့တို့ကတော့ ဒီနေ့ အာဇာနည်နေ့ အခမ်းအနားကို ဗိုလ်ချုပ်ကြေး ရုပ်ရှေ့မှာ လွမ်းသူ့ပန်းခွေချပြီး အလေးပြုခဲ့ကြ ပါတယ်။

ချက်ချင်းဖမ်းဆီးတာမျိုးမရှိပေမယ့် အာဏာပိုင်တွေက ဓါတ်ပုံရိုက် မှတ်တမ်းတင်တာ တွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။