အာဇာနည်ဗိမာန်ကို ပိုပြီးခန့်ညားအောင် မွမ်းမံစရာတွေ ရှိနေဆဲ
2012.07.12

RFA
လာမယ့် ဇူလိုင် (၁၉) ရက်မှာ အာဇာနည် ခေါင်းဆောင်တွေ ကျဆုံးခဲ့တာ (၆၅) နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။ နောင်လာ နောက်သား မြန်မာနိုင်ငံသားတွေ မိမိတို့ တိုင်းပြည်က အာဇာနည်တွေရဲ့ ဂုဏ်ကျေးဇူးကို အစဉ်အောက်မေ့ ဂုဏ်ယူစရာဖြစ်စေဖို့် အာဇာနည်ကြီးတွေရဲ့ မိန့်မှာစကားတွေ ဘဝဖြစ်စဉ်တွေကို ကမ္ပည်းထိုး ဖော်ပြကာ ဒီထက်ပိုမို တည်ငြိမ် ခန့်ညားအောင် လုပ်ဆောင်ဖို့ သင့်တယ်လို့ ဦးဆန်းဦးက သုံးသပ်ပါတယ်။
တောင်ကိုရီးယား သမ္မတ ချွန်ဒူးဝှမ် မြန်မာနိုင်ငံကို ၁၉၈၃ ခုနှစ်မှာ လာရောက်လည်ပတ်စဉ် မြောက်ကိုရီးယား သူလျှိုတွေ ဗုံးခွဲလုပ်ကြံမှုကြောင့် အာဇာနည်ဗိမာန် ပျက်စီးသွားခဲ့ရပါတယ်။
အာဇာနည် ဗိမာန်ကို ပုံစံထုတ်ခဲ့တဲ့ ဗိသုကာ လုပ်ငန်းအဖွဲ့ ခေါင်းဆောင် ဦးဆန်းဦးကို RFA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |