မတူပီမြို့မှာ စစ်ဗျူဟာတပ်တွေရှိရာကို ညဘက် မသွားလာကြဖို့ ဒေသခံတွေကို အသိပေးနှှိုးဆော်ထား
2019.02.07
"ခုလောလောဆယ် မတူပီမြို့ပေါ်မှာ စစ်သားတွေအများကြီး ရောက်လာတယ်လေ၊ စစ်သားတွေတအားများတော့ ကလေးတွေက ညဖြတ်သွားဖြတ်လာ ကလေးတွေမူးရူးပြီးတော့ စမိနောက်မိမှာ ရန်ဖြစ်မိမှာကြောက်လို့၊ ည ၇ နာရီကနေ မနက် ၅ နာရီအထိကတော့ အဲဒီတပ်ရှေ့မှာ ဖြတ်သန်းသွားလာခွင့်မပြုကြဖို့ မေတ္တာရပ်ခံနေတာပါ "
ညဘက်မသွားလာကြဖို့ဆိုတဲ့နေရာမှာ ဂေါက်ကွင်းဘက်ဆိုပြီးလည်း ပါဝင်သလို နေ့လယ်ပိုင်းတွေမှာလည်း အဲဒီအနီးတဝိုက်မှာ ဓါတ်ပုံတွေ မရိုက်ကြဖို့ Drone ကင်မရာတွေကို မလွှတ်ကြဖို့လည်း တားမြစ်ထားပါတယ်။ အဲလိုတားမြစ်ရတဲ့အကြောင်းကိုလည်း ဦးစီလောင် က အခုလို ဆက်ပြောပါတယ်။
"ဂေါက်ကွင်းဘက်ကကျတော့ အများပြည်သူ အပန်းဖြေတဲ့နေရာလို သုံးနေကြတယ်လေ၊ ဟိုတောင်ထိပ်ကနေ မြို့ပေါ်ရှုခင်းလည်း အများကြီးမြင်ရတယ်၊ တပ်ရင်းဘက်လည်း မြင်ရတယ်ဆိုတော့ အဲဒီအပေါ်မှာက ခုတလော ရဟတ်ယာဉ်တွေ အဆင်းအတက်တွေရှိတယ်၊ တစ်စုံတစ်ခု ဓါတ်ပုံတွေရိုက်မိ အမြင်တမျိုးမြင်ကြမှာကြောက်လို့ ဂေါက်ကွင်းအထက်ကိုတော့ မနက်ပိုင်း ၅ နာရီကနေ ည ၇ နာရီအတွင်းတော့ တက်လို့ရပါတယ်၊ ဒါပေမဲ့လို့ တပ်ဘက်ကို Background ခံပြီးတော့ ဓါတ်ပုံတွေ မရိုက်ဖို့၊ Drone တွေကို မထွတ်ဖို့ အဲဒါတွေတော့ တားမြစ်ထားတယ် "