အငြိမ်းစားယူသွားတဲ့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး အရှိန်အဝါနဲ့ စစ်ကိုင်းတိုင်းမှာ ကိုယ်ကျိုးစီးပွားရှာနေ
2011.09.12

(Photo: AFP)
အထူးသဖြင့် မြို့မိမြို့ဘ စာရင်းဝင် ဦးစိုးမြင့်ဆိုသူက ဦးမောင်အေးရဲ့အစ်ကိုရင်း ဖြစ်သူ ဦးကျော်ညွန့်နဲ့ ပူးပေါင်းပြီး မြို့ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အကြောင်း အမျိုးမျိုးပြပြီး ကိုယ်ကျိုးအတွက် ငွေကြေး ကောက်ခံတာတွေ ဆက်လက် လုပ်ဆောင်နေတဲ့အတွက် မြို့သူမြို့သားတွေက မခံမရပ်နိုင် ဖြစ်နေကြ တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဦးကျော်ညွန့်ဟာ အဂတိ လိုက်စားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင် ကျူးလွန်မှု မရှိခဲ့ပေမယ့် တပည်ဖြစ်သူ ဦးစိုးမြင့်ရဲ့ ကျူးလွန်မှုတွေကိုတော့ နောက်ကွယ်ကနေ အကာအကွယ် ပေးထားတယ်လို့ ဆိုပါတယ်။ မြို့သူမြို့သားတွေအနေနဲ့ မြို့မှာ ငွေကြေး အဓမ္မ ကောက်ခံနေတာတွေ ရပ်တံ့ပြီး အများပြည်သူ လိုလားတဲ့ မြို့မိမြို့ဘတွေ ရွေးချယ် တင်မြောက် လိုကြပေမယ့် လောလောဆယ် ဖြစ်နိုင်ချေ အလားအလာ မရှိဘူးလို့ ပြောပါတယ်။
အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ အကို ဦးကျော်ညွန့် ကတော့ ပေါ်ပေါက်နေတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုပါတယ်။
ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် စုံစမ်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |