ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ အကြမ်းဖက်မှာကိုစိုးရိမ်


2017.09.21
maungtaw-fire-622.jpg မောင်တောမြို့ ကညင်တန်းရပ်ကွက်က မီးလောင်ထားတဲ့အိမ်တစ်လုံးကို ၂၀၁၇ စက်တင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်
Photo: Thiha Tun/RFA

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သူတို့အပေါ်  တန်ပြန်အကြမ်းဖက်တာတွေ ပေါ်ပေါက်လာမှာ စိုးရိမ်နေကြတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။

အထူးသဖြင့် မြန်မာနဲ့ နယ်စပ်အနီး ကောက်စ်ဘဇားဒေသမှာ ဒေသခံတွေနဲ့  ရိုဟင်ဂျာမွတ်စလင်တွေဟာ ဘာသာစကားတူ၊ ယဉ်ကျေးမှုတူဖြစ်ကြလို့ ဗုဒ္ဓဘာသာဝင်တွေအပေါ် တိုက်ခိုက်လာမှာ စိုးရိမ်နေကြတာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခတုန်းကလည်း ကောက်စ်ဘဇားဒေသမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေအိမ်တွေ၊  ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

အခုတော့ အရင်ကလို မဖြစ်ရအောင် ကောက်စ်ဘဇား အာဏာပိုင်တွေက ဗုဒ္ဓဘာသာဝင်တွေရှိရာ နေရာတွေကို လုံခြုံရေးအင်အား ၅၅၀ တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။