ရခိုင်ပြည်နယ်အရေး သတင်း ထုတ်ပြန်ရေးကော်မတီ ဖဲ့ွစည်း


2016.11.16
zawhtay-620.jpg နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်ပြီး ရခိုင်ပြည်နယ်အရေး သတင်း ထုတ်ပြန်ရေးကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။

ဒီနေ့ နေပြည်တော် သမ္မတအိမ်တော်မှာကျင်းပတဲ့ ရခိုင်ပြည်နယ်အရေး အထူးသတင်းစာရှင်းလင်းပွဲ မှာ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က သတင်းထုတ်ပြန်ရေးကော်မတီ ဖွဲ့စည်းလိုက်တဲ့ အကြောင်း ပြောပါတယ်။

သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ဒုဥက္ကဌက ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) ဗိုလ်ချုပ်စိုးနိုင်ဦး၊ အဖွဲ့ဝင်တွေအဖြစ် သတင်းနဲ့ စာနယ်ဇင်း ဦးဆောင်ညွှန်ကြားရေးမှူ း ဦးကျော်စိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုညွှန်ချုပ် ဒေါ်အေးအေးစိုး၊ ပြည် ထဲရေးဝန်ကြီးဌာနက ရဲမှူးကြီး မျိုးသူစိုး၊ နယ်စပ်ရေးရာဝန်ကြီးဌာနက ဦးဇော်ဝင်းအောင်နဲ့ အတွင်းရေးမှူး အဖြစ် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးတို့ ပါဝင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းက ကျေးရွာ ၃ ရွာမှာ အဆောက်အဦး ၄၃၀ လောက် ဖျက်ဆီးခံထားရတာကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဂြိုဟ်တုကနေ ရိုက်ထားတဲ့ ဓါတ်ပုံတွေနဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး အစိုးရက ရရှိထားတဲ့ အချက်အလက်တွေအရ ကွာဟနေကြောင်းနဲ့ အစိုးရ ကရရှိထားတဲ့စာရင်းတွေအရ ဝပိတ်ကျေးရွာမှာ နေအိမ် ၁၀၅ လုံး၊ ပြောင်ပိုက် ကျေးရွာမှာ နေအိမ်အလုံး ၂၀ အပါအဝင် ရွာလေးရွာမှာ စုစုပေါင်း နေအိမ် ၁၈၅ လုံး မီးလောင် ပျက်စီးနေတာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေး က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။