လက်နက်တွေအပ်နှံ ကြဖို့ မောင်တောမြို့မှာ ကြေညာ


2015.07.11
maungtaw-city-620.jpg ရခိုင်ပြည်နယ် နယ်စပ်မြို့တော် မောင်တောမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် မောင်တောမြို့မှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေနဲ့ လူကိုအန္တရာယ်ဖြစ်စေတတ်တဲ့ တုတ်၊ ဓါး၊ လက်နက်တွေကို ၇ ရက်အတွင်း လာရောက်အပ်နှံကြဖို့ ရဲတပ်ဖွဲ့က မြို့ပေါ်ရပ်ကွက်တွေမှာ မနေ့က လိုက်လံကြေညာပါတယ်။

မြို့ပေါ်ရပ်ကွက်တွေမှာ အသံချဲ့စက်တွေနဲ့ လှည့်လည်ကြေညာခဲ့တာလို့ မောင်တောမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်းက ပြောပါတယ်။

"စီမံချက်အရ ရှင်းရပါတယ်ဗျာ ပေါက်ကွဲတက်မယ့်ပစ္စည်းတွေ၊ ဂျင်ကလိတွေ၊ ဓါး၊ တုတ် ဒါတွေပေါ့၊ ရှိရင်အပ်ပါလို့ပြောတာပါ၊ ရဲစခန်းကို အပ်ရမှာပေါ့၊ ရှာဖွေတွေ့လို့ရှိရင်ပေါ့ ဥပဒေအရအရေးယူမယ်ပေါ့၊ တစ်ပတ်အချိန်ပေးထားတယ်"

၇ ရက်အတွင်း လာရောက် မအပ်နှံသူတွေအနေနဲ့ ရှာဖွေတွေ့ရှိခဲ့လို့ရှိရင် ဥပဒေအရ အရေးယူသွားမယ့်အကြောင်း ထည့်သွင်းကြေညာခဲ့တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ပဋိပက္ခဖြစ်ပွားစဉ်ကာလအတွင်းက အန္တရာယ်ဖြစ်စေတတ်တဲ့ တုတ်၊ ဓါး၊ ဂျင်ကလိ စတာတွေကို လာရောက်အပ်နှံဖို့ အာဏာပိုင်တွေက မြို့နယ်အတော်များများမှာ ကြေညာပြီး သိမ်းဆည်းခဲ့တာတွေရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။