ဘူးသီးတောင်-မောင်တောမှာ စစ်တပ်အင်အား တိုးမြှင့်


2016.10.11
govt-meet-rakhine-620.jpg နယ်ခြားစောင့်လုံခြုံရေးစခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရ တာဝန်ရှိသူတွေ ဒေသခံတွေနဲ့ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ အောက်တိုဘာလ ၁၁ ရက်နေ့က တွေ့ဆုံစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှာ နယ်ခြားစောင့်လုံခြုံရေးရဲစခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ရဟတ်ယာဉ် ၅ စီးနဲ့ အဲဒီဒေသတစ်ခုလုံးမှာ စစ်တပ်အင် အားတွေ တိုးမြှင့်နေတယ်လို့ စစ်တွေမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်က ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် လှမြင့်စိုး က ပြောပါတယ်။

နယ်ခြားစောင့်လုံခြုံရေးစခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဒီနေ့ မနက် တွေ့ဆုံရာမှာ ထည့်သွင်းပြောခဲ့တာပါ။

"တပ်တွေကိုရွှေ့ပြောင်းဖို့အတွက် တပ်မတော်ရဟတ်ယာဉ် ၅ စီးနဲ့ အမြန်ဆုံးတပ်တွေအဲ့နေရာကိုရောက် ရှိအောင် ရွှေ့ပြောင်းလျက်ရှိပါ တယ်၊ နောက်ထပ်ရွှေ့ပြောင်းဖို့လိုအပ်ရင် တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များကို အသုံးပြုဆောင်ရွက်သွားဖို့ရှိပါတယ်"

AA ရခိုင့်တပ်မတော်အပေါ် စစ်ဆင်ရေးဆောင်ရွက်နေတဲ့ တပ်ရင်းတွေကိုလည်း ဘူးသီးတောင်နဲ့ မောင်တောဒေ သကို အင်အားဖြည့်ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိဖမ်းဆီးရမိထားတဲ့ အကြမ်းဖက်သမားတွေကို စစ်ဆေးချက်အရ ဖြစ်နိုင်ခြေရှိတဲ့ ကျေးရွာတွေကို ဝင်ရောက်စီးနင်းတဲ့အခါ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ခုခံတိုက်ခိုက်တာတွေရှိမှ စစ်တပ်က ပြန်လည်တိုက်ခိုက် တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အကြမ်းဖက်သမားတွေကို ဖမ်းဆီးရမိရေးအတွက် ဘင်္ဂလားဒေ့ရ်ှနယ်ခြားစောင့်တပ်တွေနဲ့ ချိတ်ဆက် ဆောင် ရွက်နေတယ်လို့လည်း ဆိုပါတယ်။

အဲဒီဒေသမှာနေထိုင်သူတွေ အကြမ်းဖက်သမားတွေရဲ့အမည်ကို ဖုံးကွယ်မှုတွေရှိနေတာကြောင့် ဖမ်းဆီးရ မိရေးဆောင်ရွက်ရာမှာ အခက်အခဲတွေရှိနေတယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကတော့ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အစိုးရက ဥပဒေနဲ့အညီကိုင်တွယ် ဆောင် ရွက်နေသလို စိတ်မပူကြဖို့ ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။