ဒေသခံ ၄၃၀၀ ကျော်ကို ပြောင်းရွှေ့နေရာချထား


2017.08.26
maungtaw-refugees-622 မောင်တောမြို့က ဒေသခံတွေကို ဘေးကင်းတဲ့နေရာတွေဆီ ရွှေ့ပြောင်းနေရာချပေးထားစဉ်
Photo: TMS

အကြမ်းဖက်မှုတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်တွေက ဒေသခံ ၄၃၀၀ ကျော်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြောင်းရွေ့နေရာချထား မှုတွေ ဆောင်ရွက်ပေးနေပါတယ်။

အကြမ်းဖက်မှုဖြစ်ပွားနေတဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံတွေကို ပြောင်းရွေ့ပေးထားတာဖြစ်တယ် လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

"အဓိက ကျွန်တော်တို့ပြောင်းရွေ့တာ အဲဒီအနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေ အားလုံးပေါင်း ၄၃၁၉ ဦး ပြောင်းရွေ့ပေးထားတယ်။ ဒီနေ့ထိ ပြောင်းနေရတုန်း၊ အခြေအနေတွေက အရမ်းအငြိမ်ကြီးတော့ မဟုတ်သေးဘူး"

ဒေသခံတွေကို မောင်တောခရိုင်ထွေအုပ်ရုံး၊ သာသနာ့ဗိမာန်၊ အထက်တန်းကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ တပ်မတော်တပ်ရင်းနဲ့ လုံခြုံစိတ်ချရတဲ့ ကျေးရွာတွေမှာ ပြောင်းရွှေ့နေရာချ ထားပေးထားတယ်လို့ သိရပါတယ်။

ပြောင်းရွှေ့ထားတဲ့ ဒေသခံတွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့နိုင်ဖို့ ပြည်နယ်အစိုးရအဖွဲ့၊ တပ်မတော်တို့နဲ့ ပူးပေါင်းဆောင်ရွက်နေပြီး လတ်တလောအရေးပေါ် စားနပ်ရိက္ခာတွေကိုလည်း ထောက်ပံ့နိုင်ဖို့ စီစဉ်ဆောင် ရွက်နေတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။