ခွင့်ပြုချက်ထက် ကျော် လွန်ဆောက်လုပ်နေတဲ့ အဆောက်အဦးတွေကို ဒဏ်ကြေးတိုးမြှင့်ကောက်မည်
2017.03.05

မန္တလေးတိုင်းဒေသကြီးမှာ ခွင့်ပြုချက်ထက် ကျော်လွန်ဆောက်လုပ်နေတဲ့ အထပ်မြင့် အဆောက်အဦးတွေကို လာမယ့် ဧပြီလကစပြီး အရင်သတ်မှတ် ဒဏ်ကြေးထက် ၇၅ ဆထိ တိုးမြှင့်ကောက်ခံသွားမယ်လို့ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးခိုင်မြင့် က ပြောပါတယ်။
စည်ပင်က ခွင့်ပြုပေးထားတဲ့ အထပ်အမြင့်ထက် ကျော်လွန်ဆောက်တာမျိုးတွေကို အရေးယူတဲ့အခါ ဒဏ်ကြေးပမာဏ နည်းနေတာကြောင့် လိုက်နာမှုအားနည်းနေတဲ့အတွက် ဒဏ်ကြေးကို တိုးမြှင့်လိုက်တာလို့ ဦးခိုင်မြင့်ကပြောပါတယ်။
"နဂိုတုန်းက ခွင့်ပြုထားတာတွေထက် ပိုဆောက်တာတွေ့ရင် တစ်ပေပတ်လည်ကို (ကျပ်) ၂၀၀ နဲ့ ဒဏ်ရိုက်တာပေါ့၊ ဒဏ်ရိုက်ပြီး မြေဈေးနဲ့ ယှဉ်လိုက်တဲ့အခါ ဒီပမာဏက ဘာမှမရှိတဲ့အခါ ကြတော့ မြို့သူမြို့သားတွေက စည်းကမ်းကို လိုက်နာမှုအားနည်းနေတယ်၊ အဲ့ဒါကြောင့် စည်းကမ်းကို လိုက်နာစေချင်တဲ့အတွက် တစ်စတုရန်းပေကို ၂၀၀ (ကျပ်) ကနေ ၁၅၀၀၀ ထိ တိုးလိုက်တာပါ"
အရင်က မြေပိုဆောက်တဲ့ ဒဏ်ကြေး၊ ကျော်လွန်ဒဏ်ကြေးအဖြစ် တစ်စတုရန်းပေ ကို ၂၀ဝ ကျပ်၊ စီးပွားရေး/ကန်ထရိုက် အဆောက်အအုံဆိုရင် ၄၀ဝ ကျပ်သာကောက်ခံခဲ့ရာကနေ လာမယ့် ဧပြီ ၁ရက်နေ့ကစပြီး အာရ်စီအဆောက်အအုံ တစ်စတုရန်းပေအတွက် ကျပ် တစ်သောင်းခွဲ၊ စီးပွားရေး ကန်ထရိုက် အဆောက်အအုံ အတွက် ကျပ် ၂၅၀ဝ အထိ ဒဏ်ကြေး တိုးမြှင့်ကောက်ခံသွားမှာဖြစ်ပါတယ်။