မန္တလေးမှာ လက်ပန်းတောင်းတောင်အရေး ဆန္ဒပြသူ လေးဦးကို ထောင်ဒဏ်တစ်လ အမိန့်ချ

လက်ပန်းတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ တာဝန်ရှိ သူတွေကို အရေးယူပေးဖို့ ဒီဇင်ဘာလ ၁၂ ရက်နေ့က မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ အတွက် ဖမ်းဆီးခံထားရတဲ့ ဗကသများ အဖွဲ့ချုပ်ခေါင်းဆောင် ၃ ဦးနဲ့ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့ဝင် ၁ ဦးကို တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ လချမှတ် လိုက်ပြီး၊ ချုပ်ရက်ခံစားခွင့်ပြုလိုက်တဲ့အတွက် ဒီနေ့ (ဇန်နဝါရီ ၁၈) ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

2013.01.18

ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်၊ ကိုမင်းနိုင်လွင်နဲ့ ကိုသိန်းအောင်မြင့်တို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က သံဃာတွေရဲ့ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့လို့၊ ခွင့်ပြုချက်မရှိပဲ စီတန်းလှည့်လည်မှု ပုဒ်မ (၁၈) နဲ့ ရဲက ဖမ်းဆီးတရားစွဲခဲ့တာပါ။

ဒီပုဒ်မသဘောအရ ပြင်ပပုဂ္ဂိုလ်တွေက ငွေကြေးအာမခံပေးရင်ဖြစ်ဖြစ်၊ ကိုယ်တိုင် အာမခံရင်ဖြစ်ဖြစ် အချုပ်ကနေ လွှတ်ပေးခွင့်ရှိပြီး၊ တရားစွဲခံရသူအနေနဲ့ ပြင်ပကနေ တရားရုံးတက်ရမှာဖြစ်ပေမယ့် သူတို့က အဲဒီပုဒ်မ ၁၈ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးနဲ့ မဆီလျော်လို့ လက်မခံနိုင်ဘူးဆိုပြီး အာမခံမယူဘဲ ထောင်ထဲကနေ တရားရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့မှာ ထောင် ၁ လအမိန့်ချလိုက်ပြီး ချုပ်ရက်က (၁) လကျော်နေပြီ ဖြစ်လို့ တရားရုံးမှာတင် ပြန်လွှတ်လိုက်တာ ဖြစ်ပါတယ်။

လွတ်လပ်စွာ ဆန္ဒပြခွင့်ကို ထိန်းချုပ်ထားတဲ့ ပုဒ်မ (၁၈) လို ဥပဒေမျိုးတွေ ဖျက်သိမ်းရေးကိုတော့ ရေရှည်လုပ်ငန်းစဉ်အနေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြန်လွတ်လာတဲ့ ကိုအောင်မှိုင်းဆန်းက RFA ကိုပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။