မန္တလေးမြို့တော်ဝန် မဏ္ဍပ်ဖွင့်လှစ်
2017.04.13

မန္တလေးမြို့တော်ဝန် မဟာသြင်္ကန်မဏ္ဍပ် ဖွင့်ဖွဲအခမ်းအနားကို ဒီကနေ့ မန္တလေးမြို့မှာ ပြုလုပ်ခဲ့ပြီး မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ပြည်သူတွေအနေနဲ့ မေတ္တာတရားကို အခြေခံပြီး နိုင်ငံသားအချင်းချင်း မိသားစုဘဝ လုံခြုံတိုးတက်အောက် အပြန်အလှန် စောင့်ရှောက်ပေးကြဖို့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြော ကြားပါတယ်။
"မေတ္တာတရားတွေကို အခြေခံပြီး ကျနော်တို့အားလုံဟာ ပြည်ထောင်စုဖွား နိုင်ငံသားအချင်းချင်း မိသားစုဘဝတွေ လုံခြုံတိုးတက်အောင် အပြန်လှန်စောင့်ရှောက်ပေးကြရပါမယ်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ကိုယ်စွမ်းဆောင်နိုင် တဲ့ဘက်က တစ်ယောက်တစ်လှည့် ပါဝင်ဆောင်ရွက်ကြဖို့လည်း မေတ္တာရပ်ခံပါတယ်"
ဒါ့အပြင် နှစ်သစ်မှာ နိုင်ငံအပေါ်သစ္စာထားပြီး ပြည်သူတွေအပေါ် မေတ္တာထားကြဖို့လည်း ဝန်ကြီးချုပ်က ထည့် သွင်းပြောကြားသွားပါတယ်။
နှစ်စဉ် မန္တလေးမြို့တော်ဝန် မဟာသြင်္ကန်မဏ္ဍပ်ကို မြို့တော်ဝန်နဲ့ တိုင်းအစိုးရအာဏာပိုင်တွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပေမဲ့ ဒီနှစ်မှာတော့ မြို့မိမြို့ဖ တွေကိုသာ ဖဲကြိုးဖြတ် ဖွင့်လှစ်စေခဲ့ပါတယ် ။
ဒါ့အပြင် မန္တလေးသြင်္ကန်ရဲ့ လူစည်ကားနေရာတစ်ခုဖြစ်တဲ့ မန္တလေးကျုံးတောင်ဘက် မျက်နှာစာတလျှောက်ကို လည်း ဒီနှစ်မှာ မဏ္ဍပ်ကြီးတွေ ဆောက်လုပ်ခွင့်မပြုတော့ပဲ လမ်းလျှောက်သြင်္ကန်ဧရိယာအဖြစ် သတ်မှတ်ခဲ့ ပါတယ်။