မန္တလေး ဝန်ကြီးချုပ်အိမ် နဲ့ ဈေးချိုဟိုတယ် မီးလောင်


2014.04.20

မန္တလေးမြို့ ၂၂လမ်း နဲ့ ၆၄လမ်း ဒေါင့်မှာရှိတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်ရဲ့ နေအိမ်မှာ မနေ့ညက မီးလောင်မှု တစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

ည ၈နာရီကျော်မှာ မီး စတင်လောင်ကျွမ်းခဲ့ပြီး မီးသတ်ကား ၃၅ စီးနဲ့ မိနစ် ၂၀ ကျော်ကြာ မီးငြိမ်းသတ် ခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ မန္တလေးတိုင်းရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်င ံမီးသတ်တပ်ဖွဲ့ မန္တလေးတိုင်းရုံးက အထက် ညွှန်ကြားချက်အရ တရားဝင် သတင်းထုတ်ပြန်ခွင့်မရခဲ့ဘူးလို့ မီးသတ်တိုင်းရုံးက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီကနေ့မနက် နံနက် ၃ နာရီကျော်လောက်ကလဲ  မန္တလေးဈေးချိုနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဈေးချိုဟိုတယ် ဒုတိယထပ်မှာ မီးလောင်မှု ဖြစ်ခဲ့ပြီး ကျပ်ငွေ ၄၂ သိန်းဖိုး ဆုံးရှုံးခဲ့ရတယ်လို့  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ မန္တလေးတိုင်း ရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဟိုတယ်ရဲ့ DGM ဦးကျော်သူရိန်ကိုလည်း အမှတ်(၈) ရဲစခန်းက ပုဒ်မ ၂၈၅ အရအမှု ဖွင့် အရေးယူ ဆောင်ရွက် နေတယ်လို့ ရဲတပ်ဖွဲ့ထုတ်ပြန်စာမှာပါရှိပြီး ထိခိုက်ဒဏ်ရာရသူ လေးဦးကို မန္တလေးပြည်သူ့ဆေးရုံမှာ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။