မျက်ရည်ယိုဗုံးသုံးပြီး မန္တလေးဆန္ဒပြသူတွေ ဖြိုခွင်းခံရ
2021.02.09
မန္တလေးမြို့ ၇၃ လမ်းနဲ့ ၃၈ လမ်းကြားမှာ ဆန္ဒပြနေတဲ့ပြည်သူတွေကို ရဲတပ်ဖွဲ့က အသင့်ယူလာတဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရေဖြန်းတဲ့ကားတွေနဲ့ ရေဖြန်းပြီး မျက်ရည်ယိုဗုံးသုံး လူစုခွဲခဲ့တာဖြစ်ပါတယ်။
ဒီလိုလူစုခွဲဖြိုခွင်းခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြပြည်သူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာပါ။ ဖြိုခွင်းခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် တဦး ဒဏ်ရာရရှိသွားပြီး ဆန္ဒပြသူတွေ ဘယ်နှယောက်ဒဏ်ရာရ သွားလဲဆိုတာ မသိရသေးပါဘူး။
မန္တလေးမြို့ပေါ် မှာ လူငါးဦးနဲ့အထက် လူစုလူဝေးလုပ်ပြီး စီတန်းလှည့်လည်ဆန္ဒပြရင် အရေးယူမယ်လို့ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနတွေက ကြေညာထားပါတယ်။