မိတ္ထီလာ မွတ်စလင် ဒုက္ခသည်များ ကို သိန်း ၈ဝဝ လှူဒါန်း


2013.09.08

မိတ္ထီလာမြို့ပေါ်က မွတ်စလင် ဒုက္ခသည် ၃၀၀၀ ကျော်အတွက် မန္တလေးမြို့ အခြေစိုက် ဘာသာပေါင်းစုံ ကူညီစောင့်ရှောက်ရေးအဖွဲ့က ဒီနေ့ ငွေကျပ်သိန်း ၈၀၀ သွားရောက်လှူဒါန်းလိုက်ပါတယ်။

မိတ္ထီလာမြို့ ရေအရင်းအမြစ်ဌာနနဲ့ ခရိုင်အားကစားကွင်းတွေမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေအပြင် ရပ်ကွက်တွေထဲမှာ နေထိုင်ကြတဲ့ ဆင်းရဲနွမ်းပါးတဲ့ မွတ်စလင် ဒုက္ခသည်တွေကိုပါ အဓိကထားလှူဒါန်းသွားတယ်လို့ မိတ္ထီလာမြို့ခံ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက RFA ကိုပြောပါတယ်။

"မန္တလေးက ဘာသာပေါင်းစုံ ကူညီရေးအဖွဲ့က လာရောက်လှူဒါန်းပါတယ်၊ သိန်း ၈၀၀ ကို ငါးသောင်းလျော့ပါတယ်၊ ဒုက္ခသည်တွေကို လက်ရောက်လှူဒါန်းတာ ဖြစ်ပါတယ်"

မန္တလေးအခြေစိုက် ဘာသာပေါင်းစုံ ကူညီရေးအဖွဲ့ဟာ မိတ္ထီလာမြို့မှာ ပြီးခဲ့တဲ့မတ်လက အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း ဒုက္ခသည်တွေအတွက် ဆန်၊ ဆီ၊ ဆားစတဲ့ စားနပ်ရိက္ခာတွေအပြင် ငွေကြေးတွေကိုလည်း ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ လှုဒါန်းခဲ့ဖူးပါတယ်။

မိတ္ထီလာမြို့ပေါ်မှာ အစိုးရက ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်း ၆ ခုမှာ ဒုက္ခသည် အရေအတွက် ၄၀၀၀ ကျော် နေထိုင်ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။