သတင်းလွတ်လပ်ခွင့်အတွက် စိုးရိမ်ရတဲ့နှစ်လို့ AAPP ထုတ်ပြန်


2018.11.03
media-freedom-protest-622 ပြည်သူတွေ သတင်းမှန်သိရှိခွင့်ရရှိရေးနဲ့ သတင်းသမားတွေ လွတ်လွတ်လပ်လပ် သတင်းရယူ ရေးသားတင်ပြခွင့် ရရှိရေးအတွက် ၂၀၁၈၊ စက်တင်ဘာ ၁ ရက်နေ့က ဆန္ဒပြတောင်းဆိုစဉ်
Photo: Aung Thain Kha/ RFA

၂၀၁၈ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး စိုးရိမ်ရတဲ့နှစ်ဖြစ်သလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပိုမိုကျဉ်းမြောင်းလာတဲ့ နှစ်ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ကြေညာချက် ထုတ်ပြန်ပြောလိုက်ပါတယ်။

သတင်းသမား ၂၂ ဦး တရားရင်ဆိုင်နေကြရပြီး ရိုက်တာ သတင်းဌာနက သတင်းထောက်နှစ်ဦး ဖြစ်တဲ့ ကိုသက်ဦးမောင် (ခ) ဝလုံးနဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို တရားမဝင်စာရွက်စာတမ်းတွေ ကိုင်ဆောင်တယ် ဆိုပြီး စွပ်စွဲဖမ်းဆီး ထောင်ဒဏ်ချမှတ်ထားတာ၊ eleven media က သတင်းသမား ၃ ဦးကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို ဝေဖန်တဲ့အတွက် နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်တာ၊ တနင်္သာရီဂျာနယ်ကို သရော်စာ ရေးသားဖော်ပြမှုနဲ့ တရားစွဲဆိုခဲ့တာတွေဟာ မဖြစ်သင့်ကြောင်း ထောက်ပြထားပါတယ်။

ဒါ့အပြင် ခေတ်ကာလနဲ့ မကိုက်ညီတဲ့ ဥပဒေတွေနဲ့ လွတ်လပ်စွာ သတင်းထုတ်ဖော်ခွင့်နဲ့ ရေးသားခွင့်တွေ ကန့်သတ်ခံရမှုတွေရှိနေတယ်လို့ ပြောထားပါတယ်။

အစိုးရအနေနဲ့ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချထားတဲ့ သတင်းသမားတွေကို လွှတ်ပေးဖို့နဲ့ သတင်းမီဒီယာတွေကို ခြိမ်းခြောက်နေတဲ့ ဥပဒေတွေကို ရုပ်သိမ်းပေးဖို့ တိုက်တွန်းကြောင်း AAPP က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။