မီဒီယာဥပဒေ မူကြမ်းအတွက် လက်မှတ်တွေ ဆက်လက်စုဆောင်း


2013.08.06
media-freedom-signature-campign-305.jpg မီဒီယာဥပဒေမူကြမ်းအတွက် လက်မှတ်တွေ လိုက်စုဆောင်းနေရာ ဒါရိုက်တာ မင်းထင်ကိုကိုကြီး က မြန်မာကွန်ဗင်းရှင်းစင်တာမှာ သြဂုတ်လ ၆ ရက်နေ့က လက်မှတ်ရေးထိုးပေးနေစဉ်
photo: RFA/ Sai Tun Aung Lwin

"လူထုသတင်းမှန်ရရှိရေး မီဒီယာလွတ်လပ်ခွင့်ပေး" ဆိုတဲ့ ခေါင်းစဉ်နဲ့  မြန်မာဂျာနယ်လစ်ကွန်ရက် MJN အဖွဲ့ဝင်တွေဟာ ဒီနေ့စတင်ကျင်းပနေတဲ့  ၂၅ နှစ်မြောက်  ၈ လေးလုံး ငွေရတုအခမ်းနားကို တက်ရောက်လာသူတွေထံက လက်မှတ်တွေ ကို ကောက်ယူခဲ့ကြပါတယ်။

ဒီကနေ့ ရှစ်လေးလုံး ငွေရတုအခမ်းအနားကို တက်ရောက်ြပီး လက်မှတ်ရေးထိုးပေးခဲ့တဲ့ ရခိုင်တိုင်းရင်းသားရေးရာန်ကြီး ဦးဇော်အေးမောင်က အခုလိုပြောပါတယ်။

"ဖွဲ့စည်းပုံက အခွင့်အရေးပေးလိုက်တယ်၊ အဲဒါကို နောက်ထွက်တဲ့ဥပဒေက ပြန်ပိတ်တဲ့ ဟာမျိုး ဖြစ်နေတယ်၊ အမှန်ဆုံးဖြစ်အောင်လုပ်ရမယ်၊ ဖွဲ့စည်းပုံပေးတဲ့ အခွင့်အရေးကို နောက်ထွက်တဲ့ဥပဒေက အဲလိုမျိုးမလုပ်ရဘူး၊ မီဒီယာလွတ်လပ်ခွင့် ပေးတယ်ဆိုပြီး မီဒီယာဥပဒေမှာ ပြန်ချုပ်တာမျိုးက အလကားပဲ"

ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို ပြန်လည်သုံးသပ်ပေးဖို့အပြင်၊ စာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲထားတဲ့ မီဒီယာဥပဒေမူကြမ်းကို လွှတ်တော်မှာ တင်သွင်းနိုင်ရေးအတွက် ရည်ရွယ်ပြီး အခုလိုလက်မှတ်တွေကို စုဆောင်းကောက်ယူနေတာပါ။

မြန်မာဂျာနယ်လစ်ကွန်ရက်ဟာ ဒီလက်မှတ်ရေးထိုးလှုပ်ရှားမှုကို ဇူလိုင် ၃၁ ရက်နေ့ကနေ စတင်ခဲ့တာဖြစ်ပြီးနေ့ကအထိ လက်မှတ်ပေါင်း ၁၅ဝဝ ကျော်ကို စုဆောင်းရရှိထားပြီလို့ သိရပါတယ်။  နောက်ရက်တွေမှာ ဆက်လက်ကျင်းပမယ့် ၈၈၈၈ ငွေရတုအခမ်းအနား တက်ရောက်သူတွေထံကလည်း လက်မှတ်တွေ စုဆောင်းကောက်ယူသွားမယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။