လယ်သိမ်းခံ လယ်သမားများကို လွှတ်တော်ကိုယ်စားလှယ် သွားတွေ့


2013.09.25
paddy-field-farmer-305 စပါးခင်းတစ်ခုတွင် စိုက်ပျိုးနေသော လယ်သမားများ ကို တွေ့ရပုံ။
Photo: RFA

ရွှေပြည်သာမြို့နယ်ထဲက လယ်ယာမြေ သိမ်းဆည်းခံထားရတဲ့ လယ်သမားတွေရဲ့ နစ်နာချက်တွေကို စုံစမ်းဖို့ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းမှု စိစစ်ရေးအဖွဲ့ဝင်တွေဟာ လယ်ယာမြေဆုံးရှုံးခဲ့တဲ့ လယ်သမားတွေနဲ့ ရွှေပြည်သာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။

စုံစမ်းတွေ့ရှိချက်တွေကို အစိုးရဆီ ဆက်လက်တင်ပြပေးသွားမှာဖြစ်တယ်လို့ အဲဒီအဖွဲ့ထဲပါဝင်တဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှုစိစစ်ရေး ရန်ကုန်တိုင်းအဖွဲ့ခွဲက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြောပါတယ်။

"ရွှေပြည်သာမှာ စက်မှုဇုန်လုပ်ဖို့ သိမ်းထားတဲ့ ကိစ္စပါ၊ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် နစ်နာမှုကို ကျနော်တို့ကော်မရှင်အနေနဲ့ သွားစုံစမ်းတာပါ၊ အဲမှာတချို့တွေကလည်း လျှော်ကြေးတွေပေးပြီးတော့ ပြေလည်နေတာလည်း ရှိပါတယ်၊ လျှော်ကြေးမရသေးတဲ့အတွက် မပြေလည်တာတွေလည်းရှိတာပေါ့၊ လန ၃၉ မကျသေးတဲ့အခါကျတော့ သူကလယ်ယာမြေပဲရှိသေးတယ်၊ အဲဒီကိစ္စတွေကို လွှတ်တော်မှာ တင်ပြစရာကျန်နေမှာစိုးလို့ နစ်နာမှုတင်ပြစရာတွေ သွားယူတာပါ၊ ဖြေရှင်းနိုင်တဲ့ အစိုးရဆီရောက်အောင် ကျနော်တို့က ထပ်ပို့ပေးမှာပါ”

အဲဒီလယ်သမားတွေနဲ့  လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းမှု စိစစ်ရေးအဖွဲ့တို့ အခုတွေ့ဆုံမှုဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး အရင်တွေ့ဆုံခဲ့တုန်းက ရရှိခဲ့တဲ့စစ်တမ်းတွေကို လွှတ်တော်မှာတင်ပြခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်မှာ လယ်ယာမြေအငြင်းပွားနေတဲ့ဧကပေါင်း ၄ ထောင် ကျော်လောက် ရှိနေသေးတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။