မိတ္ထီလာ အဓိကရုဏ်းကြောင့် မြို့ခံတွေ နေအိမ်စွန့်ခွာ


2013.03.22
mikehtila-police-305.jpg မိတ္ထီလာမြို့အတွင်း သွားလာနေသူတွေကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးနေစဉ်
photo: RFA/Kyaw Zawe Win

မတ်လ ၂၀ ရက်နေ့ကနေ ဒီကနေ့ မတ်လ ၂၂ ရက်နေ့အထိ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအတွင်း လူ ၁၀ ဦးသေဆုံးခဲ့ပြီး၊ ဒဏ်ရာနှင့် ဆေးရုံတက်ရောက်ကုသနေရသူ ၂၅ ဦးရှိတယ်လို့ မိတ္ထီလာဆေးရုံကြီးက တာဝန်ရှိသူတစ်ဦးက RFA ကို ဒီကနေ့ ပြောပါတယ်။

လက်ရှိဆေးရုံတက်နေရတဲ့ လူနာ ၂၅ ယောက်ထဲမှာ ဒဏ်ရာပြင်းထန်ရသူတွေ မပါဝင်ပဲ၊ ဒဏ်ရာပြင်းထန်သူအချို့ကိုတော့ မန္တလေးဆေးရုံကြီးထံ လွဲှပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။

မိတ္ထီလာဆေးရုံကတော့ သူတို့ထံရောက်ရှိတဲ့ စာရင်းအရသာ ပြောဆိုတာဖြစ်ပြီး တကယ်သေဆုံးသူစာရင်းကို လက်ရှိအခြေအနေမှာ အတည်ပြုပြောရခက်ခဲပါတယ်။ RFA က ဒေသခံတွေကို မေးမြန်းချက်အရ သေဆုံးသူဟာ ၄၀ ပတ်ဝန်းကျင်လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ဒီနေ့မှာတော့ မိတ္ထီလာမြို့အတွင်းမှာ တုတ်၊ ဓား လက်နက်ကိုင်ဆောင်ပြီး သွားလာနေသူတွေကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက အဲဒီလက်နက်တွေကို သိမ်းဆည်းနေပြီး အခြေအနေ ထိန်းသိမ်းနိုင်အောင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

၃ ရက်ကြာ အဓိကရုဏ်းကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ မြို့ခံတစ်ထောင်ခန့်ကတော့ မိတ္ထီလာမြို့နယ် အမှတ် (၁) ရဲစခန်းနဲ့ ခရိုင်အားကစားကွင်းမှာ ခိုလှုံနေပါတယ်။

မိတ္ထီလာမြို့မှာ ရောက်နေတဲ့ RFA သတင်းထောက် ကိုကျော်ဇောဝင်းကို မသူဇာက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မိတ္ထီလာမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားပါတယ်။

မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးဆန်းလှိုင်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။