The Lady ရုပ်ရှင်ကား ပြသတော့မည်
2011.08.29

Rome ရုပ်ရှင်ပြပွဲကို လာမယ့် အောက်တိုဘာလ ၂၇ ရက်ကနေ နိုဝင်ဘာလ ၄ ရက်နေ့အထိ ပြသမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးဘဝအပြင် သူ့ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုကို ဖော်ကျူးထားတဲ့ ဒီရုပ်ရှင်ဇာတ်လမ်းမှာ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး Michelle Yeoh က အဓိက ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားပြီး ပြင်သစ်လူမျိုး ဒါရိုက်တာ Luc Besson က ရိုက်ကူး တင်ပြထားတာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝနဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုကို မိမိအနေနဲ့ အလွန်ပဲ အလေးထားမိကြောင်းနဲ့ ဒီရုပ်ရှင်ဇာတ်ကားက တဆင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုကို အထောက်အကူ ဖြစ်မယ်၊ မြန်မာ့ ဒီမိုကရေစီအရေးကို ကမ္ဘာက ပိုမို သိရှိနားလည်လာမယ်ဆိုရင် ကျေနပ်ပါပြီလို့ Michelle Yeoh က ပြောပါတယ်။
Michelle Yeoh ဟာ ဒီ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်တာကြောင့် မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ဖို့ ကြိုးစားစဉ်မှာ မြန်မာအစိုးရရဲ့ ပိတ်ပင်တားမြစ်ခြင်း ခံခဲ့ရပါတယ်။