မွန်းတည့်နေဂျာနယ် သတင်းထောက်တွေကို ရုံးထုတ်


2014.08.21
midday-sun-305 ဇူလိုင်လ ၇ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ်အဖုံးကို တွေ့ရစဉ်
Photo: Internet

အပတ်စဉ်ထုတ် မွန်းတည့်နေဂျာနယ်က သတင်းသမားတွေနဲ့ ထုတ်ဝေသူ စုစုပေါင်း ၅ ဦးကို ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ် စစ်ဆေးရာမှာ တရားလိုပြသက်သေ ၂ ဦးကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

တရားရုံးချိန်းမှာ တရားလိုပြသက်သေ ၂ ဦးက သက်သေခံပစ္စည်းတချို့ကို တင်ပြခဲ့တယ်လို့ သတင်းသမား ၅ ဦးရဲ့ရှေ့နေ ဦးကျော်ဝင်း က ပြောပါတယ်။

"တရားလိုဘက်က သက်သေ ၂ ယောက်ကတော့ ဒုရဲမှူး နှစ်ယောက်ကို ရုံးမှာစစ်ဆေးတယ်လေ၊ စစ်ဆေးတဲ့အခါကျတော့ သူတို့သက်သေခံ စာရွက် စာတမ်းတွေ တင်ပြတယ်လေ၊ နောက်ပြီးတော့ သူတို့သိမ်းဆည်းထားတဲ့ ရုပ်ပစ္စည်းပေါ့ဗျာ၊ စက်ကိရိယာတွေပေါ့၊ ပုံနှိပ်ပစ္စည်းတွေ ဘာတွေလည်း ရုံးကိုတင်ပြတယ် "

ဇူလိုင်လ ၇ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ်မှာ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှု MDCF အဖွဲ့က  “ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရ တင်မြှောက်” ဆိုတဲ့ သတင်းကို ထည့်သွင်းဖော်ပြခဲ့တာကြောင့် အယ်ဒီတာ ၃ ဦးနဲ့ သတင်းထောက် ၁ ဦးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ထုတ်ဝေသူ ဦးကျော်မင်းခိုင်နဲ့ မိတ်ဆွေဖြစ်သူ ဦးယဉ်မင်းထွန်းတို့ကို ထိုင်းနိုင်ငံ မဲဆောက်မြို့ မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်က ဖမ်းဆီးခဲ့တာဖြစ်ပြီး အမှုဆောင်အယ်ဒီတာ ကိုရဲမင်းအောင်ကို တရားစွဲဖို့ သက်သေမခိုင်လုံတဲ့ အတွက် ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့က လွှတ်ပေးခဲ့ပါတယ်။

ကျန်တဲ့သတင်းသမား ၅ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ပူးပေါင်းကြံစည်မှု ပုဒ်မ ၃၄ နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။