မြန်မာ အလုပ်သမားတွေ ဆန္ဒပြနေ
2011.01.24

(Photo: AFP)
မနေ့က ဈေးသွားဝယ်တဲ့ မြန်မာအလုပ်သမား တစ်ဦးကို ထိုင်းအလုပ်သမားနှစ်ဦးက အကြောင်းမဲ့ ရိုက်နှက်စဉ် ဖြန်ဖြေဖို့သွားတဲ့ မြန်မာ အလုပ်သမား ခေါင်းဆောင်နဲ့ အခြေအတင် ဖြစ်ကြရာက ပြဿနာ စတင် ဖြစ်ပွားခဲ့တာအပြင် ထိုင်းအလုပ်သမား ခေါင်းဆောင်တွေရဲ့ ခေါင်းပုံဖြတ်မှုကို မခံနိုင်တဲ့ အတွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ကြောင်း သိရပါတယ်။
အလုပ်ရှင်က တိုင်တန်းခဲ့လို့ နေ့လည်ပိုင်းမှာ ထိုင်း ရဲ၊ စစ်တပ်နှင့် လူဝင်မှု ကြီးကြပ်ရေးတို့စုစုပေါင်း ကားအစီး ၂၀ ခန့်ရောက်ရှိလာခဲ့ပြီး လက်နက်ကိုင် စစ်သား ၃၀ ခန့်က ဝိုင်းထားခဲ့တယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေက ထိုင်း လူမျိုးတွေနဲ့ မြန်မာ အလုပ်သမားတွေ ခြံဝင်း တခုတည်းမှာ အတူမထားဖို့၊ တစ်နေ့လုပ်အားခ ၁၈၀ ဘတ်ပေးဖို့၊ ငွေစာရင်းရှင်းတမ်း စာရွက် (ဘောင်ချာ) ရေးပေးဖို့၊
တာဝန်ရှိ အလုပ်ကြပ်နဲ့ အလုပ်ရုံ အစောင့်တွေရဲ့ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ ၊ အလုပ်သမားတွေရဲ့ကျန်းမာရေး၊ နေထိုင်ရေး အတွက် အလုပ်ရှင်က တာဝန်ယူပေးဖို့ စတဲ့ အချက်အလက်တွေကို တောင်းဆိုခဲ့ကြကြောင်း သိရပါတယ်။
အလုပ်ရှင်ဘက်က ၁၀ဦး၊ အလုပ်သမား ခေါင်းဆောင်၁၀ ဦးနဲ့ လဝက ရဲနှင့် ထိုင်းစစ်တပ် အရာရှိများ ညှိနှိုင်းဆဲလို့သိရပါတယ်။