မီကိုကော်ဖီမစ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ


2018.11.05
mikko-workers-protest-622.jpg မီကို ကော်ဖီမစ်စက်ရုံက အလုပ်သမားတွေ မန္တလေးတိုင်း အစိုးရရုံးရှေ့မှာ ၂၀၁၈၊ နိုဝင်ဘာ ၅ ရက်နေ့က ဆန္ဒပြ တောင်းဆိုစဉ်
Photo: Khaymani Win/ RFA

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းက မီကို ကော်ဖီမစ်စက်ရုံမှာ အလုပ်ထုတ်ပယ်ခံရတဲ့ နေ့စား အလုပ်သမား အယောက် ၃၀ ကို အလုပ်ပြန်ခန့်ပေးဖို့ စက်ရုံကအလုပ်သမားတွေဟာ မန္တလေးတိုင်း အစိုးရရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

အလုပ်ရှင် အလုပ်သမားသဘောတူစာချုပ် ချုပ်ဆိုဖို့အတွက် ဝန်းထမ်းစည်းမျဉ်းစည်းကမ်းဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေ ညှိနှိုင်းရင်း ပြေလည်မှုမရှိတဲ့နောက် အဲဒီအလုပ်သမား ၃၀ ကို အလုပ်ထုတ်ပယ်လိုက်တာလို့ မီကို စက်ရုံက အလုပ်သမား ကိုထက်အောင်က ပြောပါတယ်။

ဒီအလုပ်သမားတွေဟာ နေ့စားတွေဖြစ်တဲ့အတွက် အလုပ်မလုပ်ရတဲ့ကာလအတွင်း စားဝတ်နေရေးအခက်အခဲ ဖြစ်နေတယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။

မီကို စက်ရုံမှာ အလုပ်သမား ၂၀၀ ကျော်ရှိပြီး အခုလက်ရှိ အလုပ်ကနေ ထုတ်ပယ်ခံထားရတဲ့ အလုပ်သမားတွေဟာ အလုပ်ရှင်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် ပြည်ကြီးတံခွန်မြို့နယ်က အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနကို ဒီနေ့ အကြောင်းကြားစာ ပေးပို့ထားတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းအတွင်း အလုပ်ရှင် အလုပ်သမား ပြဿနာတွေကို တိုင်းအစိုးရက တာဝန်ယူဖြေရှင်းပေးတဲ့အပိုင်းမှာ အားနည်းတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။