ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့ တိုက်ပွဲဖြစ်

2021.08.16
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့ တိုက်ပွဲဖြစ် ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဖွဲ့ဝင်တစ်ချို့ကို တွေ့ရစဉ်
Photo: MNDAA ပြန်ကြားရေး

ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် သံလွင်မြစ် အနောက်ခြမ်းမှာရှိတဲ့ မုံးကိုးမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တို့ မနေ့က သြဂုတ် ၁၅ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေ ပါတယ်။

မုံးကိုးမြို့နယ်တစ်ဝိုက်မှာ လှုပ်ရှားနေတဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၁၀၉ က သြဂုတ်လ ၁၅ ရက် မနေ့က ညနေ သုံးနာရီမှာ မုံးကိုးခရိုင် ပန်ဟိုက်ရှန်း နဲ့ မိုင်းယား ဒေသဘက်ကို စတင် ထိုးစစ်ဆင်လာရာကနေ တိုက်ပွဲတွေ ဖြစ်ပွားတာလို့ ကိုးကန့်တပ်ဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ သြဂုတ် ၁၆ ရက်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေ မသိရ သေးဘူးလို့လည်း ဖော်ပြထားပါတယ်။

အခုလ သြဂုတ်ဆန်းပိုင်းကလည်း မူဆယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ ဖိုင်းကောင်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲကြောင့် ဒေသခံ တစ်ထောင့်သုံးရာကျော် နေရပ်စွန့်ခွာ နေရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။