စစ်တပ်ရဲ့ ကင်းလှည့်တဲ့ကားနှစ်စီး ကော့မှူးမှာ ပစ်ခတ်ခံရ
ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှာ စစ်တပ်ရဲ့ ကင်းလှည့်တဲ့ ကားအသေး နှစ်စီးကို နိုဝင်ဘာ ၁၂ ရက် ညနေ ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲ ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကော့မှူးမြို့နယ်ထဲက ကော့မှူး - ကျိုက်ထော် ကားလမ်းမပေါ် မှာ စစ်တပ်ရဲ့ လှည့်ကင်းကားအသေး နှစ်စီးကို နိုဝင်ဘာ ၁၂ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီလို ရန်ကုန်တိုင်းအတွင်း တိုက်ခိုက်မှုတွေကို NUG ရဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က “ပျံလွှား အောင်” စစ်ဆင်ရေး နာမည်နဲ့ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်သား နှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
RFA အနေနဲ့ အဲဒီဖြစ်ရပ်ကနေ ထိခိုက်၊ သေဆုံးသူ ရှိ၊ မရှိကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ကလည်း ကွမ်းခြံကုန်းမြို့နယ်မှာ ကင်းလှည့်စစ်ကားတစ်စီးကို ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး အနီးနား အင်္ဂလုံကျေးရွာနဲ့ ဒေးဒနောကျေးရွာကက ရွာသားတချို့ ဖမ်းဆီးခံခဲ့ရသလို ဖမ်းဆီးပြီး နောက် သေဆုံးခဲ့ရသူဟာလည်း သုံးယောက်အထိ ရှိခဲ့ပါတယ်။