ခင်ဦးမြို့ စစ်ကောင်စီသတင်းပေးဆိုသူ အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ပင်တင်းကျေးရွာက စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင်လို့ နာမည် ကြီးသူ ဦးစောထွန်းနိုင်ဟာ စက်တင်ဘာလ ၁၂ ရက် မနေ့ညနေ ၄ နာရီခွဲအချိန်က ပင်တင်းကျေးရွာ လမ်းပေါ်မှာ သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။
ဦးစောထွန်းနိုင်ဟာ ပင်တင်းကျေးရွာထဲကို စစ်ကောင်စီတပ်သားတွေခေါ်လာတာ ခြောက်ကြိမ်ရှိပြီဖြစ်ပြီး မိုးထဲလေထဲ ညကြီးအချိန်မတော်ပါမကျန် တစ်ရွာလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကောင်စီတွေဝင်လာရင် နေအိမ်တွေကို ဖျက်ဆီးတယ်၊ ထွန်စက်တွေ ကားတွေကိုလည်း အကြိမ်ကြိမ် ဖျက်ဆီးတယ်၊ တစ်ညကဆိုရင် တစ်ရွာလုံးထွက်ပြေးရင်း ရွာထဲကလူလတ်ပိုင်းတစ်ဦး စစ်ကောင်စီတပ် သားတွေနဲ့တွေ့ပြီး ဖမ်းသွားတယ်” လို့ ဒေသခံက ဆိုပါတယ်။
ခင်ဦးတောကြီးမြွေဟောက်အဖွဲ့ကတော့ စစ်ကောင်စီသတင်းပေး ဦးစောထွန်းနိုင် သေဆုံးတာ သူတို့လက် ချက်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။