ခင်ဦးမြို့နယ်မှာ စစ်ကောင်စီသတင်းပေးအဖြစ် စွပ်စွဲခံထားရသူ ဓားဒဏ်ရာနဲ့သေဆုံး

2021.07.06
ခင်ဦးမြို့နယ်မှာ စစ်ကောင်စီသတင်းပေးအဖြစ် စွပ်စွဲခံထားရသူ ဓားဒဏ်ရာနဲ့သေဆုံး စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွာသန်းကျေးရွာကို တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွာသန်းကျေးရွာက စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံထားရသူ ဦးအုန်းမြိုင်ဟာ ဒီနေ့ ဇူလိုင် ၆ ရက် မနက်ပိုင်းမှာ ဓားဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“မနက် ၉ နာရီ ၄၀ မိနစ်လောက်မှာ ကျွန်တော် သတင်းရတယ်ပေါ့ဗျာ။ သူအသတ်ခံရပြီး မကြာဘူး စစ်ကားတွေ ရောက်လာတယ်”

သေဆုံးခဲ့သူ ဦးအုန်းမြိုင်ဟာ အသက် ၆၃ နှစ်အရွယ်ရှိပြီး ပျူစောထီး အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သေနတ်ပါ ကိုင်ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောကြပေမယ့်လည်း အတည်ပြုလို့မရသေးပါဘူး။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီးတဲ့နောက် ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေလို့ ရွာသန်းရွာက လူတချို့ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတစ်ယောက်က ပြောပါတယ်။

ခင်ဦးမြို့နယ်မှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးမှူးနဲ့ သတင်းပေးဆိုသူတွေ အသတ်ခံရတာဟာ ဒါနဲ့ဆို ၁၀ ကြိမ်ဝန်းကျင်ရှိနေပြီး တချို့အုပ်ချုပ်ရေးမှူးတွေကတော့ ရွာကနေတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။