အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ကို တပ်ကဝင်စီး
2021.02.09
ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ကို အခု မြန်မာစံတော်ချိန် ည ၁၀ နာရီကျော်မှာ သော့တွေရိုက်ချိုးပြီး ရုံးထဲဝ င်စီးနေတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိအချိန် စစ်သားတွေက ရုံးထဲမှာဝင်မွှေနေပြီး CCTV ကင်မရာတွေလည်း ဖျက်နေတာတွေ့ရတယ် လို့ဆိုပါတယ်။ တာဝန်ရှိသူနဲ့ဆက်သွယ်မေးမြန်းချက်ကို မကြာခင် ထုတ်လွှင့်ပေးပါ့မယ်။