ကနီနဲ့ မင်းကင်းမှာ ဝါဒဖြန့်စာရွက်တွေ ရဟတ်ယာဉ်ပေါ်ကနေ ကြဲချ
2021.12.01

စစ်ကိုင်းတိုင်း ကနီနဲ့ မင်းကင်းမြို့နယ်ထဲ နိုဝင်ဘာလ ၃၀ ရက် မနေ့က ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပတ်သက်တဲ့ ဝါဒဖြန့်ရေးသားထားတဲ့ စာရွက်တွေကို စစ်တပ်က ရဟတ်ယာဉ်ပေါ်ကနေ ကြဲချခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။
ရဟတ်ယာဉ် သုံးစီး ပျံဝဲခဲ့ပြီး စာရွက်တွေကျဲချခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနီမြို့နယ်က ဒေသခံတစ်ယောက်က ပြောပါတယ်။
"စာထဲမှာ PDF က အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း၊ PDF ကို မထိန်းသိမ်းနိုင်ရင် ကျေးရွာတွေကို စုစည်းရွာ အနေနဲ့လုပ်သွားမယ်၊ ကျောင်းတွေမီးရှို့တာ NLD ထောက်ခံသူတွေက လုပ်တယ်ဆိုတာမျိုး အစုံပဲရေး ထားတာ။ ဘုရားဖူးတွေကိုလည်း မိုင်းတွေတိုက်တာလည်း သူတို့ပဲပေါ့၊ ဒါတွေက ပြောင်းပြန်တွေ ပြော တာပေါ့၊ အကုန်လုံး သူတို့လုပ်တာ။ ပြည်သူတွေက နားလည်ပါတယ်"
အရင်က ရဟတ်ယာဉ်ပေါ်ကနေ စာရွက်တွေကြဲချတာမျိုး တစ်ခါမှမရှိခဲ့ဘူးလို့လည်း ဆိုကြပါတယ်။
ကနီနယ်နဲ့ မင်းကင်းမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တပ်ဖွဲ့တို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေ တာကြောင့် ဝါးချောင်းလေး၊ ရွာသာ၊ နတ်ကြီး စတဲ့ ရွာပေါင်း ၁၀ ရွာလောက်က ဒေသခံတွေဟာ နီးစပ်ရာ ရွာတွေမှာ ထွက်ပြေးပုန်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။