မြစ်ကြီးနားက NUG ဝန်ကြီး ဒေါက်တာ တူးခေါင် နေအိမ် ချိတ်ပိတ်ခံရ

2021.12.16
မြစ်ကြီးနားက NUG ဝန်ကြီး ဒေါက်တာ တူးခေါင် နေအိမ် ချိတ်ပိတ်ခံရ NUG အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် ကို တွေ့ရစဉ်
Photo : Dr Tu Hkawng

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီပူတာရပ်ကွက်မှာရှိတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ နေအိမ်ကို ဒီဇင်ဘာလ ၁၆ ရက် ဒီနေ့ နေ့လယ်က စစ်ကောင်စီက ချိတ်ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေါက်တာတူးခေါင်ကလည်း သူ့ရဲ့နေအိမ်ကို စစ်ကောင်စီဘက်က မကြာခဏ လာရောက်စစ်ဆေးနေတာ ကြာပြီဖြစ်ကြောင်းနဲ့ ဒီနေ့ နေ့လယ်က ချိတ်ပိတ်လိုက်တယ်ဆိုတာ ကြားသိရကြောင်း RFA ကို ပြောပါတယ်။

ဒီနေ့ နေ့လယ်က အိမ်ကိုချိတ်ပိတ်ဖို့အတွက် စစ်သားနဲ့ ရဲ ၂၀ လောက်နဲ့ လာရောက်ခဲ့ကြတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်ကလည်း နမ္မတီးမှာရှိတဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ CRPH ကော်မတီအဖွဲ့ဝင် ဦးဝင်းနိုင်ရဲ့ နေအိမ်နှစ်လုံးကို စစ်ကောင်စီက ချိတ်လာပိတ်သွားတယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။