မိတ္ထီလာ လေကြောင်းတက္ကသိုလ်ဝန်ထမ်းတွေကို တပ်မ ၉၉ လာရောက်ခြိမ်းခြောက်

2021.02.13
မိတ္ထီလာ လေကြောင်းတက္ကသိုလ်ဝန်ထမ်းတွေကို တပ်မ ၉၉ လာရောက်ခြိမ်းခြောက် မိတ္ထီလာမြို့၊ မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ဝင်းထဲကို ဝင်ရောက်လာတဲ့ တပ်မ (၉၉) က စစ်ကားများ။
Photo: Citizen Journalist

မနေ့ည ၂ နာရီခွဲလောက်က မိတ္ထီလာမြို့၊ မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ဝင်းထဲကို တပ်မ (၉၉) က စစ်ကားသုံးစီးအင်အား ၂၀ ကျော်က ဝင်ရောက်စီးနင်းခဲ့ရာမှာ ဆရာဆရာမနဲ့ ဝန်ထမ်းတွေ ပါဝင်တဲ့လူအုပ်နဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

ကျောင်းဝင်ပေါက်သော့ကို ရိုက်ဖွင့်ပြီး ဝင်ရောက်လာတာဖြစ်တယ်လို့ မိတ္ထီလာ လေကြောင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂဝင် တယောက်က ပြောပါတယ်။ တပ်မတော်ဂုဏ်သိက္ခာထိခိုက်စေမယ့် ဘယ်လို အပြုအမူကိုမှ မလုပ်ဖို့၊ တက္ကသိုလ် ကျောင်းဆရာဆရာမတွေအနေနဲ့ ပညာတတ်ပီသစွာ ပြုမူနေထိုင်ဖို့ ခြိမ်းခြောက်ပြောဆိုပြီး မနက် ၃ နာရီလောက်မှာ ကျောင်းဝင်းထဲမှ ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

လူအုပ်နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်သွားတာ လူတွေသိကုန်ရင် တပ်မတော်ဂုဏ်သိက္ခာထိခိုက်မှာစိုးတာကြောင့် CCTV မှတ်တမ်းတွေကို မဖြန့်ဝေဖို့လည်း တားမြစ်သွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-02-13 23:14

ကျောင်းဝင်ပေါက်သော့ကို ရိုက်ဖွင့်ပြီး ဝင်ရောက်လာတာ တပ်မတော်ဂုဏ်သိက္ခာထိခိုက်မှာစိုးတာကြောင့်???