ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးမယ်လို့ စစ်ကောင်စီခေါင်းဆောင် ကတိပေး

2022.07.22
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးမယ်လို့ စစ်ကောင်စီခေါင်းဆောင် ကတိပေး အာဆီယံ အထူးကိုယ်စားလှယ် Prak Sokhonn နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်မှာ ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ တွေ့ဆုံစဥ်
Photo: Myanmar Military

အာဆီယံ အထူးသံတမန်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့် ပေးမယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပေးလိုက်ပါတယ်။
 
တစ်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရမယ့် အလွန်ကောင်းမွန်တဲ့ အလားအလာတစ်ရပ် ရှိပါတယ်လို့ စစ်ကောင်စီခေါင်းဆောင်က အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်း အထူး သံတမန်လည်းဖြစ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပရက်ဆော့ခွန်း (Prak Sokhonn) ကို ကတိပေးလိုက်တယ်လို့ ဝန်ကြီးက ပြောတဲ့အကြောင်း ဖနွမ်းပင်ပို့စ်သတင်းက ဖော်ပြပါတယ်။
 
Prak Sokhonn ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်အဖြစ် ဇွန် ၂၉ ရက်ကနေ ဇူလိုင် ၃ ရက်ထိ သွားရောက်ချိန်မှာ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့နိုင်ငံရေးမှာ အရေးအပါဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်လို့ ရှုမြင်တဲ့အကြောင်း ပြောပါတယ်။ သူနဲ့ ဆွေးနွေးတာဟာ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲရဲ့ ရှေ့ပြေးဖြစ်မယ်လို့လည်း ဆိုပါတယ်။
 
ဒီလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ Prak Sokhonn က အကြိမ်ကြိမ်ပြောပေမယ့် အခုထိ တွေ့ခွင့်မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Rune
2022-07-24 03:21

အားလုံးပါဝင်တဲ့ဆွေးနွေးမှုမှာစကစ ဟာပါဝင်ထိုက်တဲ့အဖွဲ့မဟုတ်တော့ပါ။ သူကပြည်သူတွေကိုသတ်တဲ့ဗမာတပ်မတော်ဖြစ်ပါသည်။ ဒီတခါမှာလည်း ဒေါ်စုကမအလနဲ့အဖွဲ့ကိုအရင်လိုမိတ်ဖက်ပြုလာရင်တော့။