ပြည်တွင်းရေးကိစ္စ နိုင်ငံခြား စွက်ဖက်မှု လက်မခံကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော


2018.09.24
minaunghlaing-21panglong-622.jpg တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၈ ဇူလိုင် ၁၁ ရက်နေ့ကကျင်းပတဲ့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ပထမနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ်
Photo: Thiha Tun/ RFA

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုကို လက်မခံကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော်တာဝန်ရှိသူတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ ခုံဖွဲ့စစ်ဆေးဖို့ ကုလသမဂ္ဂမှာ ကြိုးပမ်းနေချိန်အတွင်း မြန်မာ့တပ်မတော် အကြီးအကဲက အဲဒီလို ပထမဦးဆုံးအကြိမ် လူသိရှင်ကြား ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ နဲ့ သဘောတူညီထားတာတွေကို လိုက်နာဆောင်ရွက်နေတာဖြစ်ပေမယ့် ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်လာတယ်ဆိုရင်တော့ နားလည်မှုလွဲစရာတွေ ပေါ်ပေါက်လာနိုင်ကြောင်း၊ နိုင်ငံတိုင်းမှာ မတူကွဲပြားတဲ့ စံနှုန်းတွေရှိကြတဲ့အတွက် ဘယ်နိုင်ငံ၊ အဖွဲ့အစည်း အုပ်စုကမှ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက် ဆုံးဖြတ်ခွင့်မရှိကြောင်း စစ်တပ်ပိုင် မြဝတီ သတင်းစာမှာ ပြောဆိုခဲ့ သလို၊ သူ့ရဲ့ အင်္ဂလိပ်ဘာသာ အင်တာနက်ဝက်ဆိုဒ်မှာလည်း ဖေါ်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ရခိုင်ပြည်နယ် ပြဿနာနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ စစ်တပ်အရာရှိကြီး ငါးဦး ကို ကုလသမဂ္ဂ က လူသားအဖြစ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု စတာတွေနဲ့ တရားစွဲဆိုဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။