ကာကွယ်ရေးဦးစီးချုပ် ရေဘေး ကူဖို့ စစ်တွေရောက်


2016.07.12
minaunghlaing-sittwe-620.jpg စစ်တွေမြို့ကို ဒီနေ့ရောက်ရှိလာတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ ရေဘေးဒဏ်ကြုံခဲ့ရတဲ့ မြို့နယ်တွေကို စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ လှူဒါန်းဖို့ အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီနေ့ စစ်တွေမြို့ကို ရောက်ရှိလာ ပါတယ်။

ရန်ကုန်မြို့ကနေ တပ်မတော်လေယာဉ်နဲ့ သယ်ယူလာတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ရေဘေးဒဏ်ကြုံခဲ့ ရတဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေကို စစ်တွေမြို့ကနေ ရဟတ်ယာဉ်တွေနဲ့ ဒီနေ့ ပို့ဆောင်ပေးနေပြီး မနက်ဖြန်သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီနေ့ မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်းမှာ ဒေသခံတွေ နဲ့ တွေ့ဆုံဖို့စီစဉ်ထားပေမယ့် တွေ့ဆုံပွဲကို ဖျက်သိမ်းလိုက်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေမှာ ပြီးခဲ့တဲ့ အပတ်က လူပေါင်း ၂ သောင်းလောက် ရေလွှမ်းမိုးမှု ဒဏ်ကြုံခဲ့ရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။