အမျိုးဘာသာကို အလေးထားတဲ့ ပါတီကို မဲပေးခဲ့တယ်လို့ ကာချုပ်ပြော

သီဟထွန်း
2020.11.07
minaunghlaing-voting-622.jpg ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ မဲရုံတွင် မဲပေးရန် စောင့်ဆိုင်းနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ်။
ဓာတ်ပုံ - သီဟထွန်း

အမျိုးဘာသာ၊ သာသနာကို အလေးထားတဲ့ပါတီ၊ ဒို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ ပါတီ၊ တပ်မတော်နဲ့ လက်တွဲပြီး အလုပ်လုပ်နိုင်တဲ့ပါတီကို မဲပေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အနော်ရထာရပ်ကွက် အမှတ် (၁) မဲရုံမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က ဒီနေ့မနက် ၉ နာရီခန့်မှာ မဲလာပေးခဲ့တာပါ။

ဒီနေ့ ပြည်သူ့ဆန္ဒနဲ့ အညီထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲရလာဒ်ကို ငြင်းပယ်လို့ မရဘဲ လက်ခံသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ရဲဘော်ရဲဘက်တွေနဲ့ အတူတကွမဲပေးလိုတာကြောင့် ကြိုတင်မဲမပေးဘဲ ဒီနေ့မဲလာပေးတာလို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံသူနိုင်ငံသားတွေ ခံစား‌နေရတဲ့ သောကကို ဖြေသိမ့်ဖို့အတွက် မလွဲမသွေလုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းကမ်းချက်နဲ့ အညီမဲပေးဖို့ကိုလည်း ကာချုပ်က တိုက်တွန်းခဲ့ပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။