ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်ချီး သတ္တုတွင်း ဒေသခံများနဲ့တွေ့


2015.09.23
minaunghlaing-620.JPG တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အထူးရဟတ်ယာဉ်နဲ့ ကယားပြည်နယ် မော်ချီးသတ္တုတွင်းကို စက်တင်ဘာလ ၂၃ ရက်နေ့က သွားရောက်ခဲ့စဉ်
Photo: Nay Thwae/RFA

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကယားပြည်နယ် ဖားဆောင်းမြို့နယ် က မော်ချီးသတ္တုတွင်းကို မနေ့က အထူးရဟတ်ယာဉ်နဲ့ သွားရောက်ခဲ့ပြီး တောင်ပေါ်ရပ်ကွက်မှာရှိတဲ့ မော်ချီး သတ္တုတွင်း ရုံးခန်းမမှာ ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မော်ချီးဒေသကို နှစ်လအတွင်း တယ်လီဖုန်းလိုင်းတွေရအောင် ဆောင်ရွက်ပေး မှာဖြစ်ပြီး ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်လို့ ပြောကြားသွားကြောင်း ဒေသခံ ကိုဖိုးဇော်က ပြောပါတယ်။

"လူမှုကူညီရေး ကားတစ်စီး ဒီကလူတွေတောင်းလို့ ကားတစ်စီးပေးခဲ့တယ်၊ နှစ်လအတွင်းမှာ ဖုန်းလိုင်းတွေ ရအောင်လုပ်ပေးမယ်လို့လည်းပြောတယ်၊ နောက်ပြီးတော့ လမ်းတွေကောင်းတယ်ဆိုရင်လည်း ဆရာဝန်တွေ ဒီမှာလာနိုင်အောင် သူတို့လုပ်ပေးမယ်လို့လည်းပြောတယ်၊"

ဗိုလ်ချုပ်မှူးကြီးဟာ တနေ့ကလည်း ကယားပြည်နယ် လွိုင်ကော်မြို့မှာရှိတဲ့ တပ်နယ်ခန်းမမှာ စစ်တပ်အရာရှိတွေ တပ်မတော်သား မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး တပ်မတော်သားတွေအနေနဲ့ မဲပေးရာမှာ တိုင်းပြည် အပေါ် ကောင်းအောင် လုပ်ပေးနိုင်မယ့်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေး အမြင်တွေရှိသူ၊ တပ်မတော်အပေါ် နားလည်မှုရှိသူကို မဲပေးဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။