မင်းတပ်မှာ စစ်ကောင်စီနဲ့ CDF တို့ တိုက်ပွဲပြင်းထန်နေ

ချင်းပြည်နယ် မင်းတပ်မြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက် မနေ့က စပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ် CDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေရာ ဒီနေ့လည်း တိုက်ပွဲက ပြင်းထန်ခဲ့လို့ စစ်ကောင်စီဘက်က ဆယ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မင်းတပ် CDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"မင်းတပ် - မတူပီလမ်း ( ၁၆ ) မိုင်နားမှာ တိုက်ပွဲတွေဖြစ်တယ်။ ပြီးခဲ့တဲ့ ရက်တွေထဲက တိုက်ပွဲဖြစ်တာ။ ဒီနေ့တော့ နည်းနည်းပြင်းတယ်။ ဒီနေ့တော့ ၁၆ မိုင်နားထိ သူတို့ ရောက်လာလို့ နည်းနည်း ဆုတ်ပေးလိုက် ရတယ်။ သူတို့ဘက်ကတော့ ခန့်မှန်းခြေ ဒီနေ့မျက်မြင်ကို ဆယ်ယောက်လောက် ရှိမယ်။ ကျန်တဲ့ တောထဲ မှာ နင်းမိုင်း ထိတာတွေလည်း ရှိကောင်းရှိလိမ့်မယ်။ ကျွန်တော်တို့ ဘက်ကတော့ မရှိဘူး"
အဲဒီ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေနဲ့ ပတ်သက်ပြီး RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။
လက်ရှိ ဒီကနေ့ နေ့လည်ပိုင်းအချိန်မှာ မင်းတပ် - မတူပီလမ်း မိုင်တိုင်အမှတ် (၅) အနီးကနေပြီး စစ်ကောင်စီ ဘက်က လက်နက်ကြီးတွေနဲ့ ရွာတွေဘက်ကို လှမ်းပစ်နေပြီး စစ်ကြောင်းအင်အားတွေလည်း တိုးချဲ့ကာ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြင့်နေတယ်လို့ CDF တပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။