ကွတ်ခိုင်မြို့နယ် မိုင်းပေါက်ကွဲ တစ်ဦးသေ တစ်ဦးဒဏ်ရာရ
2015.08.03
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် မန်ပိန်းကျေးရွာ၊ ရင်ကွဲတောင် အတက်မှာ ဒီနေ့ လက်လုပ်မိုင်း တစ်လုံးပေါက်ကွဲ တာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အစိုးရတပ်မတော်ယာဉ်တန်း ဖြတ်သန်းချိန်မှာ မိုင်းပေါက်ကွဲတာဖြစ်ပြီး တပ်မတော်ယာဉ်တန်းကို မထိမှန်ပေမယ့် မန္တလေးကနေ မူဆယ်ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ ကုန်တင်ယာဉ်ထိမှန်ခဲ့ရာမှာ ယာဉ်နောက်လိုက် တစ်ဦး သေဆုံးပြီး ယာဉ်မောင်းဒဏ်ရာရရှိခဲ့ပါတယ်။
မိုင်းပေါက်ကွဲမှုအတွက် စုံစမ်းနေဆဲဖြစ်တယ်လို့ ကွတ်ခိုင်မြို့နယ်ရဲတပ်ဖွဲ့က ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ ၂၂ရက်နေ့ကလည်း သိန္နီမြို့အဝင်တံတားထိပ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။