မောင်တောမှာ မိုင်းကွဲလို့ အရပ်သား သုံးဦးသေ၊ ခြောက်ဦးဒဏ်ရာရ


2020.11.17
maungdaw-mine-explosion-622.jpg ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လိပ်ရနဲ့ ကျွန်းပေါက်ရွာကြားလမ်းမပေါ်က မိုင်းပေါက်ကွဲတဲ့နေရာကို တွေ့ရစဉ်
Photo: U Sarana Pinyadana

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း သာယာကုန်းကျေးရွာ အလှူပွဲကနေပြန်လာတဲ့ ကားတစ်စီး ဒီနေ့မွန်းလွဲ တစ်နာရီလောက်မှာ လိပ်ရနဲ့ ကျွန်းပေါက်ရွာကြားလမ်းမပေါ်မှာ မိုင်းကွဲလို့ ကလေးတစ်ဦး အပါအဝင် လူ သုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိသွားပါတယ်။

သေဆုံးသူတွေဟာ အသက် တစ်နှစ်ခွဲခန့်အရွယ် ကလေးတစ်ဦး၊ အသက် ၂၅ နှစ်အရွယ် ကိုကျော်ရဲအောင်နဲ့ သူ့ရဲ့ဇနီးဖြစ်သူ အသက် ၂၀ အရွယ် မအေးဆန်းနုတို့ဖြစ်ပါတယ်။

ဒဏ်ရာရသူ ခြောက်ဦးကိုတော့ မောင်တော ဆေးရုံကို အရေးပေါ်လူနာတင်ကားနဲ့ ပို့ဆောင်ထားတယ်လို့ အခင်းဖြစ်နေရာမှာရှိနေတဲ့ မောင်တော မြောက်ပိုင်းက နံ့သာတောင်ပရဟိတ ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစရဏ ကမိန့်ပါတယ်။

သေဆုံးဒဏ်ရာရသူတွေဟာ ခရေမြိုင်ကျေးရွာသားတွေဖြစ်ပါတယ်။

သာယာကုန်းရှာကနေ ခရေမြိုင်ရွာကို လူ ကိုးဦးလုံး ကားတစ်စီးနဲ့ပြန်ကြရာမှာ လမ်းပေါ်မှာ ထောင်ထားတဲ့ မိုင်းပေါက်ကွဲခဲ့ပါ။

သူတို့စီးလာတဲ့ မော်တော်ကားတစ်စီးလုံးဟာ လမ်းဘေးကို လွင့်စင်သွားခဲ့တာပါ။

ဒီမိုင်းကွဲမှုနဲ့ ပတ်သက်လို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တာဝန်ရှိသူတွေ အခင်းဖြစ်နေရာကို ရောက်ရှိနေပြီး စစ်ဆေးနေတာတွေ့ရတယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစရဏ ကမိန့်ပါတယ်။

ဘယ်အဖွဲ့အစည်းက မိုင်းဖြစ်တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။