စစ်တပ်နယ်မြေ မင်္ဂလာဒုံမြို့နယ်ထဲက တရားရုံးထဲမှာ ဗုံးပေါက်ကွဲ

2021.07.05
စစ်တပ်နယ်မြေ မင်္ဂလာဒုံမြို့နယ်ထဲက တရားရုံးထဲမှာ ဗုံးပေါက်ကွဲ မင်္ဂလာဒုံမြို့နယ်က မြို့နယ်တရားရုံးကို တွေ့ရစဉ်
Photo: CJ

စစ်တပ်နယ်မြေဖြစ်တဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမအနီးက တရားရုံး တစ်ခုမှာ ဇူလိုင် ၅ ရက် ဒီနေ့မနက် ၈ နာရီခွဲခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ အဲဒီအနီးအနားမှာ နေထိုင်သူ တချို့က ပြောပါတယ်။

"အသံတော့ကျယ်တယ်။ အထဲမှာ ဘယ်သူမှမရှိတဲ့အချိန် ပေါက်တာ။ မနက် ၈ နာရီခွဲနဲ့ ၉ နာရီ ဝန်းကျင် မှာပေါက်တာ။ မနက်ပိုင်းကတော့ အဲဒီနားမှာ အစစ်ဆေးတွေ များပြီးတော့ တရားရုံးထဲကိုလည်း မင်္ဂလာဒုံ မြို့နယ်ထဲမှာရှိတဲ့ စစ်တပ်တစ်ခုက ဝင်တပ်စွဲပြီး စစ်ဆေးတာမျိုးတွေ ရှိတယ်။"

တရားရုံး မဖွင့်သေးတဲ့အချိန်မှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။

ပေါက်ကွဲပြီးတဲ့နောက်မှာတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး လမ်းသွား လမ်းလာတွေကို စစ်ဆေးရေး တင်းတင်းကျပ်ကျပ် လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ရန်ကုန်တိုင်းထဲက တာမွေ၊ သင်္ဃန်းကျွန်း၊ သာကေတစတဲ့ မြို့နယ်တွေမှာလည်း ဗုံးပေါက်ကွဲတာတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ဦးလှတင့်
2021-07-06 10:23

တပ်မတော်သားတွေကလည်း ပြည်သူ့ရင်ခွင်ကိုခိုဝင်လာဖို့ပြောချင်ပါတယ်...လက်နက်မဲ့ပြည်သူများကို လက်နက်ကိုင်သူများက သတ်ဖြတ်နေတာ မရှက်ကြဘူးလားလို့မေးချင်တယ်..မင်းအောင်လှိုင်ဆိုတဲ့ကောင်ကို တပ်မတော်က ဖမ်းဆီးပြီးတရားဥပ‌ဒေအတိုင်း အရေးယူနိုင်အောင်လုပ်ရင် ပြည်သူတွေ ရဲ့ ချစ်ခြင်းမေတ္တာကိုရပါမယ်လို့ပြောချင်ပါတယ်